ဒီမှာ နေနိုင်ပါတယ်(ဒီမှာ နေနိုင်ပါတယ်)

516 63 0
                                    

[Zawgyi]

ရိပေါ် တံခါးကိုဖွင့်လိုက်ပြီး ရှောင်းကျန့်ကို ဦးဆောင်လို့ အိမ်ထဲကို ဝင်လာခဲ့သည်။ ရိပေါ်အမေက မီးဖိုချောင်ထဲကနေ ထွက်လာပြီး အံ့သြမှုကြောင့် ကြက်သေသေနေလေသည်။

"အိုး...ဒါတကယ်ပဲ ရှောင်းကျန့်လား?။ ငါ့အမဖုန်းဆက်ပြောတုန်းက နောက်နေတယ်ထင်တာ။"

သူမက ရှောင်းကျန့်ဆီပြေးလာပြီး အနီးကပ်ကြည့်နေသည်။

"မယုံနိုင်ဘူး။အပြစ်အနာအဆာ ရှိနိုင်မလားကြည့်နေပေမယ့် တကယ့်ကိုပြည့်စုံတဲ့မျက်နှာလေးပဲ။
တကယ် ရှောင်းကျန့် အစစ်ပါနော်"

"မယုံနိုင်ဘူး။အပြစ်အနာအဆာ ရှိနိုင်မလားကြည့်နေပေမယ့် တကယ့်ကိုပြည့်စုံတဲ့မျက်နှာလေးပဲ။တကယ် ရှောင်းကျန့် အစစ်ပါနော်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့် ပါးမို့လေးတွေပေါ်အောင် ပြုံးလိုက်ပြီး "အဲ့လိုမပြောပါနဲ့ အန်တီ ကျွန်တော် ရှောင်းကျန့်ပါ"

"သာမန်ပဲ မဟုတ်ဘူးလား"

ရိပေါ်က ဖြစ်စဉ်တစ်ခုလုံးကို အံ့အားသင့်သလိုကြည့်နေပြီး မက်တပ်ရပ်နေရင်း....

"အမေ... ဘာဖြစ်နေတာလဲ?။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာပဲ။ ပြီးတော့ ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ?"

"ကောင်ဆိုးလေး မင်း တစ်ခါတစ်လေ TV ကြည့်တာကောင်းမယ်။ ကျန့်လေးက အရမ်းကျော်ကြားတဲ့ အဆိုတော် သရုပ်ဆောင် တစ်ယောက်။ ပြီးတော့ အမေ သဘောအကျဆုံးသူ"

"Fan girl လုပ်ဖို့ အသက်အရမ်းကြီးမနေဘူးလား?"

ရိပေါ်က စူပုပ်နေတဲ့မျက်နှာလေးနဲ့ အခန်းထဲကို ဝင်သွားသည်။ ရှောင်းကျန့် ကောင်လေးကို ပြုံးလျက်သား လိုက်ကြည့်နေမိသည်။

"သူ့ကို စိတ်ထဲထားမနေနဲ့နော် သား...လာ ဒီနားမှာထိုင်ဦး။ သား ပင်ပန်းလာမှာပဲ... အန်တီ အခန်းတော့ပြင်နေတာပဲ... ဒါပေမယ့် ပြဿ နာက... "

💦COME WITH ME💦[ Completed ](Myanmar Translation)Where stories live. Discover now