2.13

2.4K 357 34
                                    

Unicode


ရီကျင်းမှာ ဝမ်းနည်းပူဆွေးမဆုံး။

ပြီးခဲ့သည့်ညက 'ရပ်ဝန်းနီ' သို့ သွားခဲ့မိခြင်းအတွက် အမှန်နောင်တရနေ၏။ သူသာ မသွားခဲ့လျှင် ဤသို့သော
အခြေအနေနှင့် ရင်ဆိုင်ရမည်မဟုတ်။

ဆရာဝူက သူတို့ကို ဆူပူကြိမ်းမောင်းခဲ့ပြီး ကြာပွတ်ဒဏ် အချက်(၂၀၀) ပေးရမည့်
အစား တောင်၏အနောက်သို့ ပို့၍ ကျင့်ကြံစေသည်။ လာလတ္တံသော ရက်သတ္တတွင် ကျန်းယွမ်အတွက် ပြိုင်ပွဲရှိမည်ဖြစ်ရာ ရီကျင်းက ကူညီလေ့ကျင့်ပေးနိုင်စေရန်​​ဖြစ်၏။

ကမ္မဋ္ဌာန်းထိုင်စဥ် အတောအတွင်း ဘေးနားရှိ ကျန်းယွမ်မှာ ငြိမ်းအေးစွာ ကျင့်ကြံနိုင်သလောက်.. ရီကျင်းမှာမူ သောကပင်လယ်ဝေနေသည်။
ခန္ဓာကိုယ်က အနည်းငယ်နာကျင်နေပါဆဲ။
ထိုသည်ကို မျက်နှာလွှဲ နိုင်ပါသော်ငြား အတွေးများကို လျစ်လျှူမရှုနိုင်ရာ သမာဓိကိုမရ။ စိတ်ထဲတွင် ဗလောင်ကဆူ...ခံစားချက်ကို ရေရေရာရာမပြောတတ်သော်လည်း သူနှင့် အိပ်ခဲ့သည့်မှာ အကြီးအကဲတစ်ဦး
ဖြစ်နေသည် မဟုတ်လော။

မချင့်မရဲ နှင့် အားကုန်ကျုံးအော်လိုက်ချင်သော်လည်း ဘေးတွင် ကျန်းယွမ်ကကျင့်ကြံနေသဖြင့်  ရီကျင်း စိတ်ကိုထိန်းထားရသည်။ တစ်ဦးတစ်ယောက်၏ ကျင့်ကြံမှုနှောင့်ယှက်ခံရခြင်းမှာ စိတ်ဝိဉာဥ်ကို ပျက်ဆီးစေခြင်းမို့။

ရီကျင်း မတ်တပ်ထ၍ အသာထွက်လာခဲ့သည်။

စာအုပ်အချို့ ယူရန် သူ ဂိုဏ်းသို့ပြန်လို၏။ ဤတောင်၌ ဆူညံသံမပြုသ၍ လုံခြုံပေသည်။

ဂိုဏ်းသို့ပြန်ရာ လမ်းဖြစ်သော တောအုပ်အတွင်းသို့ ရီကျင်း တစ်လှမ်းချင်းဝင်ခဲ့သည်။ သွားနေရင်း တစ်စုံတစ်ယောက်၏ တည်ရှိမှုကို ရီကျင်း အာရုံခံလိုက်မိပြီး သစ်တစ်ပင်နောက်သို့ အမြန်ဝင်ပုန်းလိုက်၏။

သူ့ကို ရှာတွေ့သွား၍ မဖြစ်ပါ...ဆရာက
ကျင့်ကြံဖို့ စေခိုင်းခဲ့သည် မဟုတ်ပါလား...ထိုတစ်ယောက်သာ သူ့ဆရာဖြစ်နေပါလျှင် ယမမင်းပမာ ဒေါသလျှံဝေသွားပေမည်။ 

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now