1.07

12.2K 1.2K 24
                                    


Unicode

------------------------------

တစ်ခုပြောဦးမယ်ဗျ အခုတလော ကျွန်တော်ဖတ်နေတာလေး အရမ်းစိတ်ဝင်စားပြီး ဇာတ်လိုက်လေးကို အရမ်းချစ်တာဖဲ။

chittulay tran တဲ့ idiot seme ဆိုတာလေးပါ။ လက်တို့လိုက်တယ်နော်။ သွားဖတ်ကြည့်ကြပါဗျာ။ ကြွေသွားမယ်။မပြောမရှိနဲ့။

________________________________

" haha, စားနေကျတွေပါပဲကွာ။ အတူဝင်စားလေ။ အာ မန်နေဂျာ Rex မင်းလည်းရောက်နေတာလား။"

အိုး...ဟုတ်သား ငါ ငါ့မန်နေဂျာကို လုံးဝကြီး မေ့သွားတယ်။

သူ့မျက်ရည်တွေကို သုတ်နေရှာတဲ့ ငါ့မန်နေဂျာကို ငါကြည့်လိုက်တယ်။ နှာရေစိုနေတဲ့ နှာခေါင်းကိုတရှုံ့ရှုံ့ လုပ်ပြီး ဘေးနားက အစေခံတွေနဲ့အတူတူ ငါတို့သားအဖကို နှစ်လိုရွှန်းမြစွာ ငေးစိုက်ကြည့်နေကြလို့ ငါ့မျက်ခုံးတွေတောင် ပင့်တက်သွားရတယ်။

ဒုကေ္ခာ...ဘာကိစ္စ သင်းတို့အကုန် သည်နားရောက်နေတာလဲ။

" ကျွန်တော် ပါပါးအတွက် ချက်ပေးရမလား ပါပါး "

ငါ ပါပါး ပြန်ဖြေတာတောင် မစောင့်နိုင်တော့ပဲ မီးဖိုထဲကို ဂျမ်းဝင်သွားလိုက်တယ်။

ကိုးရိုးကားရား အခြေအနေပဲ။

"host, ဒါက အင်မတန်ကြင်နာပေးရာ ရောက်တာပဲ။ အိုင်း...တကယ်လို့ ရွှယ်မင်သာဆိုရင် သူနေထိုင်ခဲ့တဲ့ ယခင်ကအချိန်ထက် ဒီဘဝကို ပိုပြီး နှစ်သက်နေမှာ"

" သူ့ရဲ့ မွေးမေမေဆီက မုဒိမ်းကျင့်ခံရလုအောင် ဖြစ်သွားတဲ့ အမျိုးသားက နှစ်သက်မယ်လား 😒 "

ငါလည်း ဒဲ့ပဲ အရှိ အရှိတိုင်းပြောချလိုက်တယ်။

" အိုင်း..မင်းမှန်ပါတယ်။ ငါ့ကို အပြစ်မတင်ပါနဲ့။ ငါက လူတွေရဲ့ ခံစားချက်ကို နားလည်တာမဟုတ်ဘူး။"

ငါ ဘာတွေပဲတွေးနေနေ တစ်ပြိုင်နက်ထဲ ငါချက်ပြုတ်နေတာလည်းဖြစ်တယ်။ ကောင်းလိုက်တာ။ မီးဖိုထဲမှာ ငါလိုချင်တဲ့ပစ္စည်းအစုံ ရှိနေတာပဲ။ ငါ့မျက်နှာမယ် အပြုံးချိုချိုလေးတပ်ပြီး ဟင်းပွဲတွေကို ငါကိုယ်တိုင် ဝန်ဆောင်မှုပေးကာ ချပေးတယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now