1.23 🔞🔞🔞

18.2K 990 54
                                    


Unicode

"""NOTICE"''"

👉 Don't read it if you are lesser than age of eighteen.
👉 It is only my first translation of such sense and I just tran this according to the original story.
👉 Please...don't say anything to me to embarrass more.

_________________

"ဒီခွေးမျိုး! အင်တာနက်ပေါ် ပုံတွေတင်လိုက်တာ သေချာတယ် သူပဲ။ ငါ သူ့ကို သတ်မယ်!!သတ်မယ်"

ဆိုနာတစ်ယောက် ဒေါသအကြီးအကျယ်ထွက်ကာ ပစ္စည်းပစ္စယတွေကို မချင့်မရဲဖျက်လိုက်စီးလိုက်လုပ်နေပါတယ်။

သူမကို အမြင့်ဆုံးတရားရုံးတော်မှ ဆင့်ခေါ်ခြင်းခံခဲ့ရပြီး အခုတော့ သူမရဲ့ အလုပ် သူမကို ထောက်ခံသူတွေ အရာအားလုံးဆုံးရှူံးသွားပြီဖြစ်သည်။ အထူးသဖြင့် သူမရဲ့ နောက်ခံအင်အားတွေ....။သူမဘဝက တံတွေးခွက်ထဲ ပက်လက်မျောတော့မယ်....။

"ငါ အဲ့အကောင်ကို သွားသတ်မယ်။ ရွှယ်မင်! ငါ နင့်ကို မသေမချင်းသတ်ပြမယ်" ဟုပြောရင်း ဆိုနာက သူမ၏အိပ်ခန်းအတွင်းသို့ဝင်...အံဆွဲကို ဆွဲဖွင့်...သေနတ်ကိုဆွဲထုတ်ပြီး သူမဘောင်းဘီနောက်အိတ်ထဲကို ထိုးထည့်လိုက်ပါတယ်။

"I will fucking kill you. Just like your mother killed my father"

မျက်လုံးထဲက သွေးကြောများနီလာတဲ့ ဆိုနာက ထိုသို့ ဆဲရေးလိုက်သည်။ အံကိုကြိ်တ် လက်သီးကိုဆုပ်ကာ မေးရိုးများထောင်လာသည်အထိ အံကို တင်းတင်းကြိတ်ထားလေသည်။

_______

"အမှန်ပါပဲ...ကျုပ်နဲ့ ရွှယ်မင်တို့ တွဲနေကြတာ"

ပိုင်ရှောင်ဟန်က ရွှယ်မင်ရဲ့ လက်ကို ဆုပ်ကိုင်ကာ သတင်းသမားများအား အပြုံးနဲ့ အထက်ကလို ပြောလိုက်ပာတယ်။ အဲသည်မှာ ရွှယ်မင်ကတော့ ကြေးရုပ်ကြီးလို တောင့်တောင့်ကြီးရပ်ပြီး အပြုံးသေကြီးနဲ့ ဖြစ်လို့ပေါ့။

အခုလောက်မြန်မြန်ကြီး ရွှယ်မင်က သူတို့ရဲ့ ဆက်ဆံရေးကို ဖွင့်ထုတ်ပြောလိုက်မယ်လို့ သူ ထင်မထားခဲ့မိလို့ပါ။ အတော့်များများရောက်နေတဲ့ သတင်းသမားတွေရှေ့မှာ ဤကဲ့သို့ စကားကျွံပြီးနောက်မှတော့ သူ ဘာများတတ်နိုင်ပါဦးမည်နည်း။

စီးပွားရေးအင်ပါယာတစ်ဆူနှင့် B-Class သရုပ်ဆောင်တစ်ဦးတို့က ချစ်သူတွေပါတဲ့။ ဘယ်လောက် ဆန်းကြယ်လိုက်တဲ့ ရှာဖွေတွေ့ရှိမှုလဲ။ လူအများစု တွေးတာကတော့ B-Class သရုပ်ဆောင်လေးက စီးပွားရေးအင်ပါယာပုဂ္ဂိုလ်ကို high society ကိုရောက်ဖို့ နင်းတက်စရာအဖြစ် အသုံးချချင်တာမျိုးလို့ပေါ့။ သို့ပေမယ့် အချို့ကတော့ ဒါဟာ အချစ်စစ်ပဲလို့ တွေးကြပါတယ်။ မဟုတ်ရင်တောင် ထို စီးပွားရေးအင်ပါယာကြီး နှုတ်က သည်အတိုင်း ထွက်ခဲ့တာပဲလေ။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now