1.03

14.8K 1.3K 18
                                    

Unicode



ငါ ငါရဲ့ ကွန်ဒိုထဲမှာ ။Damn son ! ဒါက မင်းတို့သိတဲ့ ကွန်ဒိုအချို့လိုပဲ။ အထပ်ကနှစ်ထပ်ပါတယ်။ ကြီးမားတဲ့လသာဆောင်ကြီးနဲ့ အတွင်းမှာရေကူးကန်လည်းပါတယ်။ လွန်ခဲ့တဲ့ လ ကျရောက်ပြန်တဲ့ ၁၈နှစ်ပြည့် မွေးနေ့မှာ အဖေပေးခဲ့တဲ့ မွေးနေ့လက်ဆောင် ဖြစ်တယ်။

ငါ ငါ့ရဲ့မျက်နှာကို စစ်ဆေးဖို့ မတ်တပ်ရပ်ပြီး ရေချိုးခန်းထဲကို ဝင်လိုက်တယ်။ အင်း......လူချမ်းသာတွေဟာ ဘဝကောင်းလေးကို ဘယ်လိုရှင်သန်ရမယ်ဆိုတာ တယ်သိတာပဲ။

ငါ တောင့်တင်းသွားတယ်။

ကျဥ ။ ငါ ဟုတ်လား? ငါက သားနားလှချည်လား။ အာ..မဟုတ်ဘူး။ ရွှယ်မင်က သားနားတယ်ဟ။ Damn son ! ဒီမျက်နှာနဲ့ဆို မင်း တစ်မြို့လုံးကိုဖြိုချပြီး တစ်မြို့တော်လုံး ဖျားသွားအောင် လုပ်လို့ရတယ်ဟ။ ကြီးမားနက်နဲတဲ့မျက်ဝန်းတွေက အထဲမှာ ဂလက်ဆီ ကြီးတစ်ခုလုံးကို ထည့်ထားသလိုမျိုးပဲ။သွယ်တဲ့ နှာတံလေး၊ ပန်းရောင်ပါးပြင် ။ ကစ်ချင်စရာ နှုတ်ခမ်းတွေ။ Damn!

(TN.🙄 ညေးက အုခဲဆင် လာ့)

ရွှယ်မင်ရဲ့ မျက်နှာလေးကို ရှုစားပြီးနောက်မှာတော့ ငါ ရေချိုးပြီး တစ်နေ့လုံးအိပ်ဖို့လုပ်တယ်။

______

ငါ ဆက်တီမှာ ထိုင်နေတယ်။ ဒီနေ့က ဇာတ်လိုက်မက ရွှယ်မင်ကို အမှုဆင်မဲ့နေ့ပါပဲ။ ha..bitch!
ငါတို့က Boy's Love ဆိုတဲ့ ရုပ်ရှင်အတွက် သရုပ်ဆောင်ကြရမှာဖြစ်တယ်။ ဒီကားမှာ မင်းသမီးက ယောကျာ်းလေးဟန်ဆောင်ပြီး ယောကျ်ားလေးသီးသန့်ကျောင်းကို ဝင်ရောက်လာတယ်။ အမျိုးသားဇာတ်ပို့နဲ့ ဇာတ်လိုက်တို့ နှစ်ဦးလုံး သူမအပေါ်ချစ်ခင်သက်ဝင်သွားကြတယ်။ ဒါပါပဲ။

ဘယ်လောက်တောင် ဖန်တစ်ရာတေ မွဲပြာပုဆိုး ရုပ်ရှင်လဲ။ ထားပါ။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ငါဟာ ဒုတိယအမျိုးသားဇာတ်ဆောင်တစ်ယောက်ဖြစ်တယ်။ ရွှယ်မင်ဟာ playboy တစ်ယောက်အဖြစ်လူသိများပေမဲ့ သူက သရုပ်ဆောင်ဖို့ရောက်လာပြီဆိုရင်တော့ ဒါကို ကောင်းကောင်းလုပ်နိုင်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ ရွှယ်မင်ရဲ့ကောင်းတဲ့ဘက်ခြမ်းကို ကြည့်ပုံမရဘဲ သူ့ရဲ့ မကောင်းတဲ့ဘက်ခြမ်းကိုသာ ကြည့်ကြပုံပေါ်ပာတယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now