2.15

2.2K 304 13
                                    

Unicode

တောင်၏အနောက်
တွင် ကျင့်ကြံနေသည်မှာ သုံးရက်ရှိပြီဖြစ်ပြီး ကျန်းယွမ် အဆင့်ငါးသို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးချေပြီ။ သူ နိုးထလာသည့်အခါ သူ့သူငယ်ချင်း ရီကျင်းတစ်ယောက် ပျောက်နေကြာင်းတွေ့လိုက်ရသည်။

ထို အမိုက်အမဲလေးက အစောကတည်းက သူ့ကိုထားပြီး ထွက်သွားတာဖြစ်ရမည်။

သူ့ကို ထားခဲ့သည့် ရီကျင်းကို စိတ်ထဲမှ အသံတိတ်
အပြစ်တင်ရင်း တောင်ဆင်းလမ်းကို ကျန်းယွမ် လျှောက်လာခဲ့သည်။

" host ရေ"

" အိုး ချစ်သောယေရှု!!!"
ကျန်းယွမ် လန့်ဖြန့်ပြီး ထအော်သည်။
သေ​တော့မလိုပဲ!

"ဒီ စောက် system ကတော့...ငါ့ကို မခြောက်စမ်းပါနဲ့.." ဟု
ကျန်းယွမ် စိတ်ထဲကပြောလိုက်သည်။

"host ကို တောင်းပန်ပါတယ်..ပြီးတော့ အထက်မှာ တစ်ခုခုဖြစ်သွားလို့ ရက်အနည်းငယ်ပျက်ကွက်သွားခဲ့တာကိုရောပေါ့.. ကမ္ဘာတစ်ခုချင်းစီမှာ ဒေတာနည်းနည်းစီတော့ ပျက်စီးသွားတယ်"

'အိုး..တစ်ခုခုဖြစ်ခဲ့တာလား? အေးလေ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ဆန္ဒတစ်ခုက ပြီးမြောက်ဖို့နီးလာပါပြီ။ ဓားရေး
ပြိုင်ပွဲရောက်ဖို့ လေးရက်ပဲလိုတော့တယ်'
ကျန်းယွမ်ထိုသို့ပြောသော်လည်း ပွဲစဥ်အဆင့်ဆင့်တွင် အနိုင်ရဖို့ရာ ယုံကြည်ချက်မရှိသေးပါ။

"ကောင်းပြီလေ ... ကျွန်တော်ရှိမနေတုန်း ကိစ္စကြီးကြီးမားမားဖြစ်သွားသေးလား...ကျွန်တော့်ကို အကုန်ပြောပြတာ ပိုကောင်းမယ်နော် host ၊ ကျွန်တော်လျှိုထားမခံချင်ဘူး"

"အ..အာ...ဘာ ..ဘာကိစ္စကြီးကြီးမှ မရှိပါဘူး...ဘာဆိုဘာမှ..ဟေး system ..ငါ မေးခွန်းတစ်ခုလောက်မေးလို့ရမလား?"

"အမ်း..ရတာပေါ့..ဘာလဲ?"

"ဖြစ်တော့
မဖြစ်နိုင်ပေမဲ့
.. ငါ တစ်ခုစဥ်းစားမိလို့.. ပိုင်ရှောင်ဟန်က ယွိယန်လား?" ကျန်းယွမ် တိုးတိုးမေးသည်။ သူ့တွင် ဤအတွေးမျိုး အမှန်အကန်ရှိသော်လည်း ဒါက မဖြစ်နိုင်သည်မို့ ရူးတာပဲဟုသတ်မှတ်ကာ အခါတိုင်း ခေါင်းထဲမှရှင်းထုတ်ခဲ့သည်။


မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now