2.01

6.2K 650 43
                                    


YiFeng007 က
ကူညီပြီး ဘာသာပြန်ပေးခဲ့တာပါဗျ
thk u bae 😍

Unicode

2.1 (Zhan Yuan)
လင်းရှောင်ဟာ ခန္ဓာကိုယ်တခုလုံး နာကျင်မှုတွေနဲ့အတူ နိုးထလာခဲ့သည်။ .. သူထထိုင်လိုက်ပီး သူ့ရဲ့ခြေနဲ့လက်တွေကို စစ်ဆေးလိုက်ပါ၏။

"Host  ဒါက ရှေးခတ်ပါ .. ဒီခန္ဓာရဲ့နာမည် က ကျန်းယွမ် ..ကျန်းမိသားစုရဲ့ သခင်လေးတစ်ယောက် ..သူဟာ အမြဲ မာနထောင်လွှားနေပီး ပျက်စီးနေတဲ့လူငယ်တစ်ယောက်ဖြစ်ပီး သူ့မိသားစုကလန်ဟာ အကြီးဆုံးကလန် ၄ခုထဲ က တစ်ခုအပါအဝင်ဖြစ်ပါတယ်.. အားနည်းသူတွေကို အမြဲတမ်း ညဉ်းပန်းနှိပ်စက်တတ်တဲ့သူ ဖြစ်ပီး..သန်မာတဲ့သူတွေကိုတော့ ပါးလျက်နားလျက် လုပ်ပါတယ်။

ကြီးမြတ်ပြီး သြ ဇာအာဏာရှိတဲ့ ဂိုဏ်းကြီးက တပည့်သစ်တွေခေါ်ယူတဲ့အခါ သူဟာ ဇာတ်လိုက် နဲ့ တွေ့ဆုံခဲ့တယ် ..ကျန်းယွန်ဟာ မာန်မာနထောင်လွှားတဲ့သခင်လေးတစ်ယောက်ဖြစ်တာကြောင့်  ကြောင့် ဇာတ်လိုက်ရဲ့ ချောမောပြေပြစ်တဲ့ မျက်နှာကို အရမ်းမနာလိုဖြစ်ခဲ့ပါတယ် ..သူမသိတာက ဇာတ်လိုက်ဟာ အကြီးဆုံး ကလန် ၄ခုမှအပ အချမ်းသာ ဆုံး အင်အားအကြီးဆုံး မျိုးနွယ်စုက သခင်လေး ဖြစ်တယ်ဆိုတာပါပဲ ..သူက ဇာတ်လိုက်အပေါ်
အနိုင့်အထက်
ပြုလုပ်ဖို့နဲ့ သူ ဂိုဏ်းမှာရှိနေသမျှ ဇာတ်လိုက်ကို လှောင်စရာလက်စွဲလုပ်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒါက
သူရဲ့ပျက်စီးခြင်းကို ခေါ်ဆောင်လာခဲ့တာပဲ။

ဒါတင်မကသေးဘူး... သူဟာ ဇာတ်လိုက်ကို  အကြိမ်များစွာရန်လုပ်ပြီးတာတောင် ပြဿနာရှာဖို့ လျှို့ဝှက်ကြံစည်နေခဲ့ပါတယ် ..ခေတ်သစ်ကနေ ရှေးဟောင်း ခေတ် ပြန်လည်ဝင်စားလာတဲ့ တစ်ယောက်သောမိန်းကလေး နဲ့ ဇာတ်လိုက်တို့ မတွေ့ဆုံခင်အထိပေါ့    ....

ကျန်းယွမ်ဟာ မိန်းကလေးအပေါ်မေတ္တာသက်ဝင်ခဲ့ပြီး ကံမကောင်းချင်တော့ မိန်းကလေးက ဟန်များတဲ့ကြာပန်းဖြူမ ..သက်သက်ပါပဲ။

..သူမက သူ့ရဲ့ သူမအပေါ်ထားတဲ့ခံစားချက်တွေအပေါ်မှာ ကျိတ်ကြံနေခဲ့ပါတယ်... သူမ လိုချင်သမျှ အဝတ်အစား၊လက်ဝတ်ရတနာတွေနဲ့ ငွေတွေကို သူ့ဆီက ရရှိခဲ့ပြီး သူမအတွက် အိမ်တော်ကြီး တစ်လုံးပါ ဝယ်ပေးစေချင်ခဲ့ပါတယ်။ ဒါ ပေမယ့်  ဈေးကြီးပေမဲ့ ပွယောင်းယောင်းအဝတ်တွေကိုဝတ်တဲ့ ကျန်းယွမ်ကို သူမ ကြည့်မရခဲ့ပါဘူး ..

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now