1.13

10.5K 1.4K 33
                                    

Unicode


"မင်းသွားတော့လေ။ ပြီးသွားရင်သာ ငါ့ဆီ စာဖြစ်ဖြစ် ဖုန်းcall ဖြစ်ဖြစ်ပို့လိုက်" ဟု Rex က ပြောလေသည်။

"ငါနဲ့ အတူမလိုက်ဘူးလားလို့"
ဟု ပြန်မေးလိုက်သည်။ ဒီလို လုစုလူဝေးထဲကို ငါ မဝင်သွားချင်ဘူး။

"ဖြစ်ရလေ.....ငါက လူတောမတိုးချင်လို့တော့ မဟုတ်ပါဘူး။ အဲ့အစား ငါ ဒီနေ့ valentine အထိ်မ်းအမှတ် လျှောက်လည်မလို့" ဟု သူက ခပ်ကြွားကြွားပြောကာ ငါ့ကို 
အမှိုက်တစ်စလို သူကားထဲကပစ်ထုတ်ပြီး မောင်းထွက်သွားတယ်။

"ပျော်ရွှင်ပါစေ! တစ်ခုခုအဆင်မပြေရင်တော့ လှမ်းခေါ်လိုက်။ နံပါတ်7 နော် နှိပ်ရမှာက မေ့မနေနဲ့" လို့ သူကပြောတယ်။

"ပြီးရော ပြီးရော" လို့ပြောပြီး ငါလည်း စားသောက်ဆိုင်ထဲကို အသော့ဝင်လိုက်တယ်။

_________

" ရွှယ်မင်လာပြီပဲ။ ငါတို့ရဲ့ ဒုတိယဇတ်ဆောင်"
အဲသည်မှာ လူအားလုံး ငါ့ကို တန်းနေအောင်လှည့်ကြည့်တာပဲ။

"hi! နောက်ကျသွားရင် တောင်းပန်ပါတယ်ဗျာ" လို့ ငါလည်းပြုံးပြီးပြောလိုက်ရော သူတို့အားလုံး ရုပ်တုကြီးတွေလို တောင့်တင်းသွားတော့တယ်။ သူတို့ရဲ့ အပြုံးတွေပါ တောင့်တင်းကုန်ကြတာ။

အဲ...ဘာဖြစ်တာလဲ။ ငါ သိနေတယ်နော် တစ်နေ့ ငါ့ရဲ ဒီမျက်နှာက ဒုက္ခတွေ သယ်လာမယ်ဆိုတာ။

"အဟား... ဒီလာထိုင်။ ကြိုက်တာမှာဟေ့..ဒီနေ့က ဒါရိုက်တာချောင် ဧည့်ခံတာ"

လုအုပ်ထဲက တစ်ဦးက ငါ့ကို သူ့ထိုင်ခုံဖယ်ပေးပြီး ထိုကဲ့သိုပြောလာတယ်။

"ကျေးဇူးပါ စီနီယာ" လို့
ငါထပ်အပြော သူတို့တွေ ရှော့ခ်ရသွားကြပြန်တယ်။

"hello"
ဆိုလို့ ငါ အနောက်လှည့်ကြည့်လိုက်တော့ အမြဲလိုလို ကြွတက်နေတဲ့ပုံစံနဲ့ ဇာတ်လိုက်မကို တွေ့လိုက်ရတယ်။

"အာ...ဆိုနာလာပြီလား။ လာ ငါ့ခုံမှာထိုင်လို့" လူအုပ်ထဲတစ်ယောက်က သူမကို ဖိတ်ခေါ်တယ်။

"အယ်တော့.... စီနီယာက အရမ်းကြင်နာတတ်တာပဲ။ကျေးဇူးပါရှင်...." လို့ပြောပြီး သူမက ခုံမှာဝင်ထိုင်တယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now