1.09

11.4K 1.4K 31
                                    


Unicode

မနေ့ညက တိုတယ်ဆိုလို့

ဒီည ကြိုးစားပြီး

ထပ်တင်ပေးလိုက်တယ်နော်။

ထူးလေးက ခင်ဗျားတို့ကို

ဘယ်လောက်ချစ်မှန်း သိပြီမလာ့။

😌😌😌😌😌😌

______________________________

"Good Morning"
ငါအောက်ထပ်ကိုရောက်တဲ့အခါ
ဝေလီဝေလင်းကြီးမှာ သူတို့ရဲ့ ခေါက်ရိုးကျအလုပ်တွေကို လုပ်နေတဲ့ အစေခံများကိုကြည့်ပြီး နှုတ်ဆက်လိုက်တယ်။ ၆ နာရီပဲရှိသေးတာကို။

ငါ ထပ်ပြီးအိပ်ချင်နေသေးတာ။ ဒါပေမဲ့ ငါ့ကိုယ်ငါ ပြန်ပြီးအိပ်ပျော်သွားအောင်လုပ်လို့ မရတော့ဘူး။
ငါက စောစောထသူ တက်ကြွတဲ့ကြက်ဖတစ်ကောင်မဟုတ်တာတော့ အသေအချာပဲ။

နံနက် ၆နာရီ။ ဇာတ်လိုက်မကြောင့် ငါလေးရဲ့ဘဝ ချေမွခံလိုက်ရပြီးနောက် အစောဆုံးထတဲ့နံနက်ခင်းပဲ။

(TN.လင်းရှောင်က အရင်ကရွှယ်မင်ကြုံခဲ့ရတာတွေကို သူကြုံခဲ့ရသလို ခံစားနေတာ)

ဒီ ပါတီအတွက် သူမ အသားကုန်စိတ်လှုပ်ရှားနေတာ ငါသိသားပဲ။ စိတ်လှုပ်ရှားမှာပေါ့ သူမတစ်ခုခုကိုအကွက်ချထားတာကိုး။ အဲ့ သူမ ချထားတဲ့ တစ်ခုခုဆိုတဲ့ အကွက်ကြီးက ငါသိပြီးသားဖြစ်နေတာလေး တစ်ချက် ပဲ ဟာဟ 😌 ။

"စောသားပဲ"

အမ် မမျှော်လင့်စွာပဲ Rex က ဒီမှာ။

"ခင်ဗျား ဒီမှာ အိပ်ခဲ့တာလား"

မနက်စာတစ်ခုခု ပြင်ဆင်ဖို့ မီးဖိုခန်းကို ဝင်ရင်း ငါ သူ့ကိုမေးလိုက်တယ်။

ငါ ကြက်ဥတောင် ကောက်မကိုင်ရသေးဘူး အိမ်ဖော်တချို့က ငာ့ကိုတားမြစ်ကြတယ်။ တကယ်တော့ ငါ့ကိုမတားသင့် ဘူးလေ။ ငါက ငါ့ ပါပါးအတွက် ချက်ပေးချင်တာပါ။ နောက်တစ်နည်း နည်းနည်းလေး ဖြေပြောရရင် ငါ့ ပထွေးအတွက်ပေါ့။

"ဟုတ်တယ် ။ ငါ ဧည့်သည်အိပ်ခန်းတစ်ခုမှာ အိပ်လိုက်တာ"

သူက တစ်ညတာလုံး မအိပ်ထိသလို
ပင်ပန်းနေတဲ့အသံနဲ့ဖြေတယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now