2.09 🚨🔞🚔

6.4K 447 57
                                    

Unicode


TN/ ကလေးတွေ ဝမ်နင်နော်....မနာခံရင် တုတ်ကြီးကြီးနဲ့တွေ့မယ်....😎

______________



ရီးကျင်း လေးလံနေသည့်မျက်ခွံကိုဖွင့်လိုက်သည်။

"ဘာ...ဘာဖြစ်သွားတာလဲ "

သူ တဖြည်းဖြည်း ထ၍ ဝေ့ဝဲကြည့်လိုက်မှသာ သူ့အခန်းမဟုတ်မှန်းသိလိုက်ရသည်။ သူ့ဘေးက အမျိုးသားကိုကြည့်ကာ ခန္ဓာကိုယ်အပေါ် ရေခဲတစ်ပုံးလောင်းချခံလိုက်ရသလိုခံစားလိုက်ရသည်။

သူ ယောက်ျားတစ်ယောက်နှင့်အိပ်ခဲ့သည်။ ရီကျင်း ထိတ်ထိတ်ပျာပျာနှင့် ညကအကြောင်းများကို ပြန်သတိရစေဖို့ ကြိုးစားလိုက်သည်။

ဘယ်သူက အောက်ထပ်ကလဲ?ဘယ််သူက အပေါ်ထပ်ကလဲ?
ဟုတ်သည်...သူ၏ တစ်ခုတည်းသော ပြဿနာ... မည်သူက အောက်ကပါနည်း။

ကျန်းယွမ်နှင့် အလှမယ်တစ်ယောက်ပါသွားတာ သူမှတ်မိသည်။ သူမ၏ နာမည်ကိုမူ စဥ်းစား၍မရတော့။ သူ မိန်းကလေး သုံးဦးကို ဖက်၍ အခန်းထဲသို့ဝင်သွားချိန် ဤနေရာတွင် အမျိုးသားတစ်ဦးက ရှိနှင့်နေသည်။ ထို့နောက်.... .

____________

သူ့ကုတင်ဟုခေါ်ရမည့်နေရာတွင် ထိုအမျိုးသားကလှဲနေလေသည်။

"ခင်ဗျားက ဘယ်သူတုန်း...ဒီအခန်းက အစောကြီးတည်းက ဖယ်ပေးခိုင်းပြီးသားပါ"

သူ့ကုတင်ကို မောင်ပိုင်စီးထားသည့်အမျိုးသားကိုကြည့်ရင်း အမူးသမားရီကျင်းကပြောလိုက်သည်။

"ထွက်သွား"

အမျိုးသားက အန္တရာယ်ကြီးစွာ​ပြောသည်။ ကြောင်အသွားသည့် တစ်ဦးတည်းသော သူမှာရီကျင်းဖြစ်ပြီး နာနာခံခံနှင့်ထွက်သွားဖို့လုပ်လျှင် အထဲသို့ ပြန်လည်ဆွဲ​ခေါ် ထားခြင်းခံလိုက်ရသည်။ ထွက်သွားပြီဖြစ်သော မိန်းကလေးများ၏မျက်နှာပေါ်တွင်မူ အံ့အားသင့်ဆန်းကြယ်သည့်အမူအယာများနှင့်...။

" မနှောက်ယှက်နဲ့"

အမျိုးသားကပြောလျှင် လန့်ဖျပ်၍ တုန်ယင်နေသည့်မိန်းမပျို
တစ်စုသည် အချိန်မဆိုင်းဘဲ သူတို့၏ ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြကြသည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now