1.08

11.3K 1.7K 61
                                    


Unicode

မဖတ်ခင် အရင် vote ကြပါလို့ပြောရင်
ပြောင်းဖူးရိုးနဲ့ ပေါက်မှာလား ငိငိ 😁

_________________________________

ကြော့ကြော့ပြီး မြည်နေတဲ့ ငါရိုး ဖုန်းသံကြောင့် ငါနိုးလာရတယ်။

"hello"
ပြေပြစ်တဲ့ အသံနဲ့ငါထူးလိုက်တယ်။
ဘာလို့ ငါ ကြိုးစားနေရလဲ မေးရင် ငါ့အနေနဲ့ ညစ်ပတ်တဲ့ပြိုင်ဘက် မိန်းမဇာတ်လိုက်နဲ့ အကြင်နာမဲ့တဲ့ ကုမ္ပဏီပိုင်ရှင် အမျိုးသားဇာတ်လိုက်တို့ရဲ့ စောင့်ကြည့်မှုအောက်မှာ တစ်ချိန်လုံးဘေးကြပ်နံကြပ်ဖြစ်နေရလို့။

ငါ ဖုန်းကို ဘယ်သူလဲဆိုတာ မကြည့်ဘဲဖြေလိုက် ပေမဲ့ ချက်ချင်းပဲ ငါ့နှလုံးသားလေးကြေကွဲ သွားရရှာတယ်။

" မင်္ဂလာနံနက်ခင်းပါရှင့် စီနီယာ။ ကျွန်မ ဆိုနာပါ။ ဒါရိုက်တာကြီးက အကို့ကို အကြောင်းကြားခိုင်းလို့ပါ။ ကျွန်မတို့တွေ လုပ်ဖော်ကိုင်ဖက်တစ်စုလုံးကို ဒီည ၇နာရီ Grizzy palace မှာ ဒင်နာပေးမှာ ဖြစ်လို့ ကျေးဇူးပြုပြီး လာရမယ်နော်။"
သူမက သူမရဲ့ သကာရည်သံလေးနဲ့ ပြောတယ်။

ငါသာ ငါရဲ့အလွန် ချောမောတင့်တယ်နေမှုက သူမမှာမှ ကွက်ပြီး နာကျင်နေစေလို့ ငါ့ကို မလိုမုန်းထား နေမှန်းကြိုမသိထားရင်
'သူမက သိပ်ချစ်ဖို့ကောင်းတာပဲ ' လို့ မပြောဘဲ နေနိုင်မှာကိုမဟုတ်ဘူး။
ဒါပေမဲ့ ငါမပြောနိုင်တော့ဘူးလေ။ ဒါတွေက အလိမ်အညာဆိုတာ သိနေမှပဲ။

"ကျေးဇူးပဲ။ နောက်တစ်ကြိမ် ဆို ငါ့မန်နေဂျာကိုပဲ ဖုန်းခေါ်လိုက်ပါ။" လို့ ပြောပြီး သူမရဲ့ တုန့်ပြန်မှုကိုမစောင့်ဘဲ ငါ ဖုန်းချလိုက်တယ်။

သူမငါ့ကို မကြိုက်မှမကြိုက်ဘဲ။ ငါလည်းသိသားပဲ။ ဒါကို သူမအနေနဲ့ ယုန်ဖြူမလေးလာလုပ်ပြနေစရာ မလိုဘူးလေ။ မုန်းဖို့ကောင်းတယ်။

သူမက အဲလိုမိန်းကလေးပုံစံ ကြာကြာသရုပ်ဆောင်လေလေ သူမရဲ့သရုပ်ဆောင်မှုတွေကို ဒါကသူမအစစ်အမှန်ပာလို့ထင်ကြတဲ့ ငါ့ဘေးက ပတ်ဝန်းကျင်က မိုက်မဲလေလေလို့ ငါခံစားရတယ်။

ဝမ်းနည်းစရာအကောင်းဆုံးအပိုင်းက သင်းတို့အားလုံး သူမကို ယုံလွန်းကြတာဖြစ််တယ်။ ဉာဏ်နီဉာဏ်နက်များပြီး အကြင်နာမဲ့တဲ့ ကုမ္ပဏီပိုင်ရှင်ကြီးကတောင် သူမကိုပဲ ယုံတယ်တဲ့လေ။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now