!! Part 15 !!

11.5K 1.2K 178
                                    

Unicode

Jimin ပွဲခင်းထဲ တစ်စုံတစ်ယောက်သောသူအားရှာနေမိသည် ။ TaeHyung ကတာကိုကြည့်ပြီးတော့လည်း ရှာကြည့်ပေမယ့် ပျောက်ချင်းမလှပျောက်နေတဲ့သူကြောင့် အခုထိကိုမတွေ့ရသေး ။ ထို့ကြောင့် မျက်နှာလေးမှာလည်း မလန်းပေ ။ သက်ပျင်းလေး ချရင်းပဲ ကိုယ့်နေရာလေးမှာကိုယ်ပြန်ထိုင်ဖို့လုပ်နေတုန်း စင်ပေါ်ကချောင်းဟန့်သံကြောင့် မျက်ဝန်းအစုံကစိတ်လှုပ်ရှားစွာ စင်ပေါ်ကသူဆီသို့ရောက်ရှိသွားတော့သည်။

စင်ပေါ်တက်လာပြီး ကောင်လေးရှိမယ့်နေရာကို YoonGi ရှာရင်းတွေ့လိုက်ပေမယ့် ဘယ်သူ့ကိုရှာနေမှန်းမသိတဲ့ကောင်လေးကြောင့် အလိုမကျစွာ မိုက်ကြီးနားချောင်းဟန့်မိတော့ စင်ဘက်ကိုပြူးပြူးကြောင်ကြောင်နဲ့လှည့်ကြည့်လာတဲ့မျက်ဝန်းလေးတွေကိုတွေ့လိုက်ရသည် ။ နဂိုမျက်မှန်အဝိုင်းကြီးကြီးအောက်က မျက်ဝန်းလေးတွေက ယနေ့မှာတော့ အကာအကွယ်မဲ့စွာ လှပနေကြသည် ။ စတွေ့ကတည်းက တစ်နေ့မှာတော့ ဒီကောင်လေးကိုကိုယ်တိုင်ဂစ်တာတီးပြီးဆိုပြချင်တဲ့သီချင်းလေးကို သူကြိုးစားပြီး သင်ခဲ့တာ ။

ခုံမှာသေချာနေရာယူထိုင်လိုက်ရင်း ဂစ်တာကြိုးတွေပေါ်လက်ချောင်းတို့စတင်ကခုန်စေသည် ။ ခပ်ညိမ့်ညိမ့်ထွက်လာတဲ့ ဂစ်တာသံကြောင့် ခန်းမတစ်ခုလုံးစကားသံတွေတဖြည်းဖြည်း တိတ်ဆိတ်သွားကြသည် ။

ပြောင်လက်နေတဲ့ ဂစ်တာအနက်ကိုပွေ့ပိုက်ပြီး အာရုံစူးစိုက်ကာတီးနေတဲ့ Yoongi Hyung ပုံကိုသူတမေ့တမောကိုငေးကြည့်နေမိသည် ။ အခုမှတွေ့ချင်တဲ့သူကိုတွေ့ရတော့ မျက်နှာလေးကပြုံးမိတော့သည် ။

♬ My whole world changed from the moment I met you
မင်းကိုတွေ့ခဲ့တဲ့အခိုက်အတန့်လေးကနေစပြီးကိုယ့်ကမ္ဘာကြီးတစ်ခုလုံးပြောင်းလဲသွားခဲ့တယ်

And it would never be the same
ပြီးတော့ ကိုယ်အရင်လိုလည်းမဟုတ်တော့ဘူး

Felt like I knew that I always loved you
မင်းကိုအမြဲတမ်းချစ်နေခဲ့တယ်လို့ကိုယ်သိနေခဲ့သလိုခံစားခဲ့ရတယ်

From the moment I heard your name
မင်းရဲ့နာမည်လေးကိုကြားလိုက်ရတဲ့အခိုက်အတန့်လေးမှာပေါ့ ♬

 A Boy Named JeonJungKook [Completed]Where stories live. Discover now