!! Part 21 !! (Final)

12.9K 1K 59
                                    

Unicode

အောင်စာရင်းထွက်တော့မှာမလို့ TaeHyung တော်တော်လေးစိတ်လှုပ်ရှားနေတာဖြစ်သည်။ JiMin ရော Jung Kook နဲ့ Yoongi ပါ အောင်စာရင်းအတူတူကြည့်မည်ဆိုကာ သူ့အိမ်ကိုရောက်လာကြသည်။ TaeHyung  မှာတော့  စိတ်လှုပ်ရှားလွန်းလို့ Website ထဲဝင်ပြီး အဝိုင်းကိုပဲထိုင်ဆွဲချနေတာဖြစ်သည်။

သူ့ပုံစံကိုကြည့်ပြီး JungKook ကပြုံးစိစိနှင့်။ အေးဆေးနေနိုင်လွန်းတာက စာမေးပွဲဖြေထားသူမဟုတ်ဘူးလားတောင်ထင်ရသည်။ YoonGi လည်း အဲ့ကောင်လေးအတိုင်းပဲ။ မတည်ငြိမ်နိုင်ဖြစ်နေရတာ သူနဲ့ Jimin ပင်။

"အချိန်ပြည့်တော့မယ်"

JungKook ရဲ့စကားကြောင့် TaeHyung ကျောတွေပင်မတ်ကုန်တော့သည်။

"ကျွန်တော်ပြောရဲတယ် Baby Hyung မဟာတန်းကိုပါ ဝင်လိမ့်မယ်"

"အဲ့လောက်ထိတော့ ငါမမှန်းရဲပါဘူး....thesis အခြေအနေကြောင့် ငါမပြောရဲဘူး"

"အော် ပါမှာပါဆို...ကျွန်တော့်ကိုယုံလိုက်"

TaeHyung ကသူ့စကားကိုမယုံသလို အင်တင်တင်လုပ်နေဆဲမလို့ JungKook မကျေနပ်ဖြစ်မိသည်။

"Baby Hyung မဟာတန်းဝင်ရင် ကျွန်တော့်တောင်းဆိုတာလုပ်ပေးမလား"

"အရေးထဲ လာနောက်မနေနဲ့"

"ဟာ တစ်ကယ်ပြောနေတာ"

"အေးပါ ပြီးရော ပြီးရော"

TaeHyung မှာစိတ်လှုပ်ရှားနေရတဲ့ကြားထဲမလို့ ပြီးပြီးရောပင် သဘောတူလိုက်မိသည်။ JungKook အတွက် မဟာအခွင့်အရေးကြီးဖြစ်သွားတာတော့ မသိလိုက်ပေ။

အောင်စာရင်းကြေညာမည့်အချိန်ရောက်လာသည်။ TaeHyung မှာ website ကို refresh ပြန်လုပ်ပြီး ခုံနံပါတ်ထည့်လိုက်သည်။ enter နှိပ်ပြီးသည်နှင့် မျက်လုံးကို စုံမှိတ်ချလိုက်သည်။ မျက်လုံးမမှိတ်ခင် JungKook နဲ့ YoonGi ရဲ့လက်ဝါးချင်းရိုက်လိုက်တာတော့မြင်လိုက်ရသေးသည်။ နှစ်ယောက်စလုံး အောင်ကြသည်ပင်။

TaeHyung မျက်လုံးတစ်ဖက်ကိုမရဲတစ်ရဲနဲ့ဖွင့်ကြည့်သည်။ ထိုအချိန်မှာ Jimin မှာထအော်တော့သည်။ TaeHyung လည်း အကုန်မြင်ပြီးပြီမလို့ သူပါလိုက်ပြီးအော်တော့သည်။ သူငယ်ချင်းနှစ်ယောက်စလုံး မဟာတန်းဆက်ပါသည်ပင်။ ခုံနံပါတ်ဘေးက ကြယ်လေးနှစ်လုံးက ဂုဏ်ယူဝင့်ကြွားစွာရှိနေသည်။

 A Boy Named JeonJungKook [Completed]Dove le storie prendono vita. Scoprilo ora