!! Part 12 !!

11.8K 1.4K 200
                                    

Unicode

"ဘယ်မှာတုန်း မင်းအိမ်က"

"ဟိုး ရှေ့နားလေးမှာ Baby Hyung"

လူချမ်းသာတို့နေထိုင်သည့်ရပ်ကွက်မလို့ လမ်းတို့ကသန့်ရှင်းကာ တိတ်တိတ်ဆိတ်ဆိတ်နှင့်ရှိလှသည် ။ ဝဲစားလေးပြတဲ့နေရာကိုကြည့်လိုက်တော့ အိမ်ကကုန်းတက်နားမှာဖြစ်သည် ။ ဒီခန္ဓာကြီးတင်ပြီးတက်ရရင်တော့ သူလျှာထွက်ဖို့သာရှိသည် ။ အနောက်ကဟာလေးကလည်း သူ့ခါးကိုဖက်ထားတာများတောက်တဲ့ကျလို့ ။ ကွာကိုကွာမလာ ။

TaeHyung အားတင်းကာကုန်းတက်ကိုတရွေ့ရွေ့တက်နေတုန်း စက်ဘီးလေးကပေါ့ပါးသွားတာမလို့ အနောက်ကိုလှည့်လိုက်တော့ ဟိုဟာလေးကစက်ဘီးပေါ်မှာမရှိတော့ ။

"Baby Hyung လေးပင်ပန်းနေမှာစိုးလို့ ဟီးဟီး"

တစ်လမ်းလုံးအားမနာလျှာမကျိုးတက်စီးလာပြီးမှ အပိုးမသေမျက်နှာနှင့် ပြောင်စပ်စပ်လာလုပ်နေသေးသည် ။
အမြင်ကပ်စွာမျက်စောင်းထိုးတော့ fly kiss ပြန်ပေးတဲ့သူ ။ တကယ်ပါ ဒီဟာလေးကိုဆလံသနေပြီ ။

TaeHyung စက်ဘီးပေါ်ကနေဆင်းလိုက်ပြီးတွန်းသွားရန်ပြင်လိုက်တော့ ဘေးကနေသူ့ခါးကိုရုတ်တရက်လာဖက်တဲ့ဟာလေး ။

"ဟ ဘာလုပ်တာလဲ ဖယ်ဖယ်"

ပိုင်စိုးပိုင်နင်းခါးကိုလာဖက်တော့ သူ့မှာစက်ဘီးတစ်ဖက်နဲ့မလို့ အားရပါးရဖယ်ချလို့မရ ။ သူကစက်ဘီးလေးတွန်းရင်း အဲ့ဝဲစားလေးကသူ့ခါးကိုဖက်ထားပြီးဘေးကနေအတူပါလာတော့ မသိရင်စောင်ရမ်းတွေရိုနေတဲ့အတွဲကြီးလိုလို ဘာလိုလို ။ အမလေး ဒါမျိုးတွေ ကြက်သီးထလွန်းလို့ ။

"ဟေ့ ဖယ်လို့"

"ရုန်းမနေနဲ့နော် အာဘွားပေးပစ်မှာ"

အာဘွားပေးပစ်မှာဆိုတော့ ငြိမ်ကျသွားတဲ့ သူ့အကိုသေးသေးလေး ။ ဒါမျိုးတော့ကြောက်တတ်သား ။ မှုန်ကုပ်ကုပ် မကျေမချမ်းရုပ်နှင့် ပါလာတဲ့သူ့အချစ်ကလေး ။ အသည်းယားလွန်းလို့ အာဘွားတွေတသီကြီးကိုပေးချင်နေတာ ။

"ကဲ ရောက်ပြီဗျာ"

ကျယ်ဝန်းတဲ့ခြံကြီးရှေ့တွင်ရပ်တန့်လိုက်တဲ့ခြေထောက်တွေကြောင့် TaeHyung ပါရပ်လိုက်သည် ။ အိမ်ကြီးကိုကြည့်ရင်း TaeHyung လေးခမျာ ပါးစပ်အဟောင်းသား ။ ခြံထဲတွင်အရိပ်ရတဲ့သစ်ပင်ကြီးတွေလည်းရှိပြီး အိမ်ကလေးမှာနွေးနွေးထွေးထွေးလည်းရှိသလို အေးအေးချမ်းချမ်းလည်းရှိလှသည် ။ ဒီကောင်လေး ဒါတွေကြောင့်လည်း ဘယ်သူကိုလူမထင်ပဲ လုပ်ချင်ရာလုပ်နေတာနေမည် ။

 A Boy Named JeonJungKook [Completed]Where stories live. Discover now