!! Part 4 !!

14.5K 1.6K 141
                                    

Unicode

Iron Man  အရုပ်များကိုဗီရိုများနှင့်အပြည့်တင်ထားသောအခန်းကျယ်ကြီးအတွင်း ဆူညံသောနှိုးစက်သံက မနက်စောစောစီးစီးကျယ်လောင်စွာထွက်ပေါ်လာ၏။

ခြုံထားသည့်စောင်ကအစ Iron Man အရုပ်နှင့်.....

"အင်း....ဆူညံနေတာပဲကွာ...ခဏအိပ်ချင်သေးတယ်"

ဂျောင်ဂုတစ်ယောက်ညလုံးပေါက်ဂိမ်းဆော့ထားလေတော့ အိပ်ယာကမထချင်.....
အိပ်ချင်မူးတူးနှင့် ကုတင်ခေါင်းရင်းကိုလက်ဆန့်ကာ နှိနှိုးစက်ပြန်ပိတ်ရန် တဖတ်ဖတ်နှင့် လိုက်စမ်းကာပိတ်လိုက်ပြီး ပြန်အိပ်လိုက်၏။

ခဏလေးဆိုမှခဏလေး သူပြန်မှေးမိတာပါ....ပြန်နိုးလာတော့ဘာကိစ္စ ၉ နာရီတောင်ထိုးသွားရတာလဲ....

နောက်ကျပြီဆိုသောအသိနှင့် အိပ်ယာပေါ်ကဝုန်းခနဲထကာ ရေချိုးခန်းသို့အမြန်ပြေးရသည်။

တွေ့သည့်အင်္ကျီကိုကောက်ဝတ်ကာ လှေကားထစ်များကိုပါ ကျော်ချပြီး လွှားခနဲ လွှားခနဲ နှင့်ပြေးဆင်းလာသည်ကို omma ကမြင်လေတော့.....

"ဟဲ့ သားလေး...ဖြည်းဖြည်းဆင်းလေကွယ် ပြုတ်ကျနေဦးမယ်"

"မဆင်းလို့မရဘူး omma ရဲ့....နောက်ကျနေပြီဗျ...နောက်ကျနေပြီ"

သားဖြစ်သူနောက်ကျနေပြီဟုဆိုကာအပြေးအလွှားလုပ်နေခြင်းကိုပထမဆုံးမြင်ဖူးသောအမေဖြစ်သူမှာအံ့ဩခြင်းပေါင်းများစွာနှင့်....

နောက်ဆုံး စားပွဲပေါ်တွင် သားငယ်အကြိုက် ကော်ဖီပူပူလေးနှင့်ပေါင်မုန့်မီးကင်လေးတင်ထားပေးသည်တောင်မှ ထိုကလေးလေးက ပေါင်မုန့်ကိုပါးစပ်ထဲထိုးထည့်ကာပြေးသွားလေသည်။

သူအရမ်းကြိုက်လွန်းသည့်ကော်ဖီကိုတောင်မသောက်ပဲအရေးတကြီး လောလော လောလောနှင့်ထွက်သွားရအောင် ဘာတွေများအရေးကြီးနေပါသနည်း။

သူမမှာသာအတွေးပေါင်းများစွာနှင့်ကျန်ခဲ့ရလေသည်။

.
.

ထယ်ယောင်း ကျောင်းထဲသို့ရောက်ရောက်ချင်း မျက်လုံးကိုကျောင်းဝန်းပတ်ပတ်လည်သို့အရင်ကစားစေလိုက်၏။

 A Boy Named JeonJungKook [Completed]Where stories live. Discover now