!! Part 13 !!

10.3K 1.2K 185
                                    

Unicode

ကျောင်းရဲ့နှစ် ၂၀ ပြည့်နှစ်အထိမ်းအမှတ်ပွဲအတွက်အတန်းခေါင်းဆောင်ဖြစ်တဲ့ ဂျီမင်းကိုဆရာမကတာဝန်ပေးသလို ထယ်ယောင်းကိုပါပူးတွဲကူညီခိုင်းသည် ။ သူတို့နှစ်ယောက်မှာစာတောင်ကောင်းကောင်းမသင်ရပဲ ပွဲအတွက်သာအဓိကထားလုပ်နေရသည် ။

"ငါတို့ အနုပညာမေဂျာက ဖျော်ဖြေရေးပိုင်းတာဝန်ယူရမှာဆိုတော့ လူစိတ်ဝင်စားစရာလေးတစ်ခုခုလုပ်မှရမယ်"

သူတို့နှင့်ပွဲအတူစီစဉ်ရသည့်အတန်းဖော်ကောင်မလေးတစ်ယောက်ကဝင်ထောက်ပေးတော့ ဂျီမင်း ကလည်းခပ်ဆဆထောက်ခံသည် ။ သူကဒါမျိုးတွေသိပ်စိတ်မဝင်စားတော့ ကောင်းတဲ့အတိုင်းသာစီစဉ်တာကို လိုက်လုပ်ပေးရုံသာ ။

"စဉ်းစားကြပါဦး ဘာဖျော်ဖြေကြရင်ကောင်းမလဲ"

ထိုကောင်မလေးကဆော်ဩတော့အကုန်လုံးအငြိမ်မနေရစွာ စဉ်းစားရတော့သည် ။

"Couple လိုက်တွဲကတာကိုမှSexy ကျကျလေးနဲ့ တမူထူးခြားသွားမှာမျိုးလေးရော"

"အင်းအင်း စဉ်းစားလိုက်မယ်"

.
.

ဂျောင်ဂု တစ်ယောက် သူ့ Baby Hyung ကိုသတိရလို့အခန်းထဲသွားရှာပေမယ့် ပွဲစီစဉ်ဖို့အတွက် ဂျီမင်းနှင့်အတူထွက်သွားတယ်ဆိုတော့ ထိုအခန်းသို့လိုက်လာလိုက်သည် ။

အဝေးကနေလှမ်းမြင်ရတာ ဘာတွေထိုင်ပြီးစဉ်းစားနေသည်မသိ ငြိမ်နေရောပင် ။ ခြေလှမ်းတွေကိုခပ်သွက်သွက်လေးလျှောက်လာလိုက်သည် ။

အခန်းတံခါးကိုဖွင့်လိုက်တော့ အကုန်လုံးအကြည့်တွေကသူ့စီမှာ ။ ထိုစဉ် စီနီယာတစ်ယောက် အလန့်တကြားထအော်သည် ။

"ဟုတ်သားပဲ....ဂျောင်ဂု နင်လာဦး"

ဂျောင်ဂု ကြောင်တောင်တောင်လေး သူ့ကိုယ်သူ့လက်ညှိုးပြန်ထိုးပြတော့ စီနီယာက ခေါင်းတဆတ်ဆတ်နှင့်လာရန်ပြောသည် ။

"မီယွန်း....ငါအကြံရပြီ"

"အေး ပြောလေ"

"HyunA နဲ့ Hyunseung ဆိုထားတဲ့ trouble maker ကို ဂျောင်ဂု ကိုကခိုင်းရင်ရော"

 A Boy Named JeonJungKook [Completed]Where stories live. Discover now