!! Part 5 !!

13.4K 1.5K 117
                                    

#Unicode

ဂျီမင်းတစ်ယောက် မျက်မှန်ဝိုင်းဝိုင်းကြီးအောက်က မျက်ရည်လဲ့သောမျက်လုံးများဖြင့် စာအုပ်ဆိုင်အထဲရှိစာအုပ်တစ်အုပ်အား ဆိုင်ပြင်မှငေးကြည့်နေလေသည်။

"မင်းနဲ့ငါ ဒီတစ်သက်ဝေးရပြီထင်ပါတယ်ကွာ"

အကြည့်တွေလွှဲပြီး ထိုနေရာကထွက်လာချင်ပါသော်လည်း ခြေလှမ်းများကထိုနေရာတွင်အမြစ်တွယ်နေသလို ရွေ့ပင်မလာ.....

ထိုစာအုပ်က တခြားတော့မဟုတ်....webtoon တွင်အလွန်နာမည်ကြီးသော author Smeraldo Su ၏ ထုတ်ဝေထားသောစာအုပ်.....ဂျီမင်း၏ favourite author ဆိုလည်းမမှား.....

Limited Edition မလို့ ကန့်သတ်ထားသည့်အုပ်ရေအတိုင်းသာ ထုတ်ပြီး ထိုအရေအတွက်ကုန်သွားကထပ်မထုတ်ဟု ကြေငြာထားပြီးသားလည်းဖြစ်သည်။

စာအုပ်ဈေးနှုန်းက သိကြားမင်းဖင်ကိုတောင်မက ငယ်ထိပ်ကိုပင်ထိနေလောက်ပြီဖြစ်၍ ဂျီမင်းလေးမဝယ်နိုင်.....

သူ့လို webtoon အရူးအတွက် ဤစာအုပ်သည် ကမ္ဘာကြီးတစ်ခုလိုပင်......စာအုပ်အရေအတွက်ကလည်း သိပ်မရှိတော့မှန်း သိထားတော့ သူ့မှာရူးမတတ်ပင်ခံစားနေရသည်။

မှန်ဘောင်ထဲထည့်ပြီး မီးထိုးကာကြော်ငြာထားသောထိုစာအုပ်ကို နောက်ဆုံးခွဲခွာရပြီဟူသော အကြည့်နှင့် ဝမ်းနည်းကြေကွဲစွာကြည့်ကာ ထိုနေရာကပြေးထွက်လာရလေသည်။

---------------------------

ဂျောင်ဂုသူ့ Baby hyung လေးနောက်လိုက်သာလိုက်နေသည် အခုချိန်ထိ ဖုန်းနံပါတ်မသိရသေး။

အပေါင်းအသင်းလည်းသိပ်မရှိသော baby hyung လေးကြောင့် အသိတွေဆီကလည်းမေးလို့မရ။

ညာဏ်နီညာဏ်နက်ပေါင်းစုံသုံးကာမေးပါသော်လည်း လည်လွန်းသောသူ့ baby hyung လေးကြောင့် အစအနတောင်မသိရသေး။

Baby hyung လေးအဖတ်လုပ်သည်ဆိုလို့ ဟိုဂျပုတစ်ယောက်တည်းသာရှိသည်။

အဲ့တော့ နောက်ဆုံးသိနိုင်သိကဟိုဂျပုတစ်ယောက်တည်းသာ.....တော်ရုံပြောပြမယ်မဟုတ်ပေမယ့်လည်း ပြောပြအောင်ချော့မေးရမည်။ ထိုအခါမှ မပြောရင်လည်း မရရတဲ့နည်းနဲ့ပြောအောင်လုပ်ရမှာပင်......

 A Boy Named JeonJungKook [Completed]Where stories live. Discover now