!! Part 14 !!

11.1K 1.2K 109
                                    

Unicode

ကပွဲမစမချင်းအကတိုက်ရတာမလို့ ဂျောင်ဂုတို့ ကျောင်းရောက်တာနှင့် အခန်းထဲတောင်မရောက်တော့ ။ အကတိုက်တဲ့ခန်းမထဲပဲ အစောကြီးသွားပြီးထိုင်ထိုင်နေသည် ။ တစ်ရက်ပြီးတစ်ရက် ကကွက်တွေနှင့်အသားကျလာသလို Baby Hyung မှာလည်းမထူးဇာတ်ခင်းလိုက်သည်နှင့်တူသည် ။ သူ့ထက်တောင်မှ ကကွက်တွေကပိုအသက်ဝင်လာသလို ။ ဒီနေ့တစ်ရက်တိုက်ပြီးရင်တော့ သန်ဖက်ခါဆို ကပွဲကစတော့မှာဖြစ်လို့ ဂျောင်ဂု တော်တော်လေးကိုစိတ်လှုပ်ရှားနေပြီဖြစ်သည် ။ အခုထိတင်လုံးလုံးလေးကိုင်လိုက်ရတာကိုလည်းအိမ်မက်တစ်ခုလိုထင်နေမိတုန်းပင် ။
.
.
ကျောင်းခေါင်မိုးထပ်မှာ မကိုင်တာကြာပြီဖြစ်တဲ့ဂစ်တာကိုလက်ရည်ပြန်သွေးနေတဲ့ ယွန်ဂီ မှာပြင်ပသို့အာရုံပျံ့လွင့်မှုမရှိ ။ ချစ်ရတဲ့သူကိုမျက်နှာကိုမြင်ယောင်တော့ မျက်နှာကခပ်ပြုံးပြုံး ။ လှပတဲ့သံစဉ်တွေကိုတီးခတ်တော့ သံစဉ်ချိုချိုတွေက လေညှင်းရဲ့သယ်ဆောင်ရာအတိုင်း ။

~ A Boy Named JeonJungKook ~

မနက်အစောကြီးမိတ်ကပ်ဗူးကိုင်ပြီးအိမ်ရောက်လာတဲ့ ဂျီမင်း မှာသူ့ကိုမိတ်ကပ်လိမ်းပေးရန်တာဆူနေသည် ။
ပွဲနေ့ရောက်ပြီမလို့ ထယ်ယောင်း လည်းကျောင်းစောစောထပြီးပြင်ဆင်စရာရှိတာပြင်ဆင်နေရသည် ။ ကိုယ့်ဘာသာကိုယ် ရိုးရိုးရှင်းရှင်းလေးပဲပြင်ဆင်သွားမလို့လုပ်နေတာကိုမရ ။ အဲ့ဆန်မုန့်လုံးက မရရအောက်ပြင်ပေးချင်နေသည့်ပုံ ။

"ငါမပြင်ဘူးနော် ဂျီမင်း"

"ဟာ မပြင်လို့မရဘူး...ဟိုကောင် ဂျောင်ဂု အကြောင်းငါသိတယ်...အပြတ်ရွှိုင်းလာမှာ...အဲ့မှာမင်းက ပုံတုံးကြီးဖြစ်နေရင်ဘယ်လိုက်မှာလဲ"

"ဟာ မပြင်ချင်ဘူးကွာ"

"မရဘူး ငါပြင်ပေးမယ် ဘာမှမကြာဘူး...ငါပြင်နေကျ"

မျက်လုံးနားကို smoky eyes ခြယ်ပေးမည်ဟုပဲတဇွတ်ထိုးပြောနေတဲ့ ဆန်မုန့်လုံး ။ မပြင်ရမခြင်းသူအိမ်ကထွက်ရမှာမဟုတ်တော့ ထယ်ယောင်း ငြိမ်ငြိမ်လေးသာအပြင်ခံလိုက်တော့သည် ။ မိနစ် 20 ခန့်ကြာတော့ပြင်ဆင်ခြယ်သပြီးသွားပြီဖြစ်သည် ။ မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ပြီး သူပါလားဆိုပြီးယုံတောင်မယုံနိုင် ။ မျက်ကပ်မှန်အစိမ်းလေးက မျက်ဝန်းလှလှတွေနဲ့လိုက်ဖက်လွန်းလှသည် ။

 A Boy Named JeonJungKook [Completed]Where stories live. Discover now