!! Part 9 !!

12.5K 1.5K 137
                                    

Unicode

ဟိုဝဲစားလေး မနက်ဖြန်ကျောင်းတက်မည်ဆိုတော့ ကြက်သားစွတ်ပြုတ်လေးပြုတ်သွားပေးရန်စဉ်းစားမိသည်။

ထို့ကြောင့် ညကတည်းက Super market သို့သွားကာ ကြက်သားသွားဝယ်ရသေးသည်။

မနက်ရောက်တော့လည်းအစောကြီးထကာ ကြက်သွန်ဖြူလေးရယ် ဂျင်းလေးရယ် ထည့်ကာကြက်သားလေးကိုပေါင်းပြီး ဘူးလေးထဲသေချာထည့်ကာ ထမင်းဖြူလေးနည်းနည်းပါထည့်လာခဲ့လိုက်သည်။

ကျောင်းရောက်တော့ထုံစံအတိုင်းပါပဲ ကျောင်းပေါက်ဝတွင်မတ်တပ်ရပ်စောင့်နေသော အစုတ်ပလုတ်လေး....

နေမကောင်းတာကိုအိပ်ရေးဝအောင်အိပ်မလာပဲ အစောကြီးကျောင်းကိုလာစောင့်နေသေးသည်။

ကြည့်မရလောက်အောင်ကိုအမြင်ကပ်နေမိသည့် ဟာလေးကို အခုမှစိတ်တွေကပူနေတော့ ကိုယ့်ကိုကိုယ်လည်းအံ့ဩရသေးသည်။

ဘာပဲဖြစ်ဖြစ်...ဒါ သူလုပ်လိုက်မိလို့ အပြစ်မကင်းသလိုခံစားရတာကြောင့် လုပ်ပေးတာ ဟုတ်တယ်....

အတင်းတွေထိုအတိုင်းပဲခံယူပစ်လိုက်သည်။

အုတ်တိုင်နားကထိုဝဲစားလေးကသွားအပြည့်နှင့်ရယ်ပြနေသေးသည်.....ထယ်ယောင်းအနားလည်းရောက်သွားတော့.....

"Bay Baby hyung....ဟတ် ဟတ်ချိုး"

"နေမကောင်းသေးပဲ ဘာလို့ကျောင်းအစောကြီးလာတာလဲ"

"မျက်နှာလေးကိုတွေ့ချင်လို့"

ထယ်ယောင်းဘာမှမပြောပဲ ကျောင်းထဲဝင်လာလိုက်တော့ အနောက်ကနေတကောက်ကောက်ပါလာလေသည်။

"အော်....နေ့လည် ထမင်းစားရင် ငါ့ဆီလာခဲ့"

"ဘာ....လို့"

ဘာလို့လဲ hyung လို့မေးမလို့လုပ်လိုက်ပေမယ့် Hyung  ဘက်ကအခုလိုကမ်းလှမ်းတာမျိုးကပထမဆုံးမလို့  အမြင်ကပ်သွားမည်စိုး၍ စကားကိုအမြန်အရှိန်သပ်လိုက်ကာ....

"လာခဲ့မယ်နော် Hyung ဟီးဟီး"

"အင်းအင်း....အခုရော ဘာစားပြီးပြီလဲ"

 A Boy Named JeonJungKook [Completed]Where stories live. Discover now