(၃၁)

25.9K 3.8K 421
                                    

မြတင့်မှာ အခန်းထဲရှိ မှန်တင်ခုံရှေ့တွင်ထိုင်ကာ မျက်နှာချေမှုန့်များ လိမ်းသည်။ ပါးနီ ခြယ်သည်။ ထို့နောက် နှုတ်ခမ်းနီဆိုးသည်။ ထိုအခါ မြတင့်၏ နှုတ်ခမ်းတို့သည် အရင်ထက် သိသာစွာပင် ပြာနှမ်း၍ နေလေသည်။

ထိုနှုတ်ခမ်းပြာတို့အား နီရဲသွားစေရန် နှုတ်ခမ်းနီအား ထူပျစ်စွာ ခြယ်သပစ်လိုက်သည်။

မြတင့်သည် သူ၏ မလှပသောနေရာအစိတ်အပိုင်းတို့အား လူမြင်မှာ စိုးထိတ်နေသည့်နှယ်၊ သူ၏ အားနည်းချက်တို့အား လူတို့ လက်ညိုးဝိုင်းထိုးကြမည်ကို ကြောက်ရွံ့နေသည့်နှယ်။

ထို့နောက် မြတင့်မှာ မှန်ထဲမှ သူ၏ ပုံရိပ်အား ငေးကြည့်မိလိုက်သည်။ ဘယ်အချိန်က ကျလာခဲ့မှန်း မသိလေသော မျက်ရည်စီးကြောင်း နှစ်ခုသည် မြတင့်၏ ပါးပြင်ထက်ဝယ် နေရာယူထားလျက်သား ရှိလေသည်။

မြတင့်မှာ စိတ်ညီးညူစွာဖြင့် ထိုမျက်ရည်စီးကြောင်းတို့အား မမြင်သာစေရန် မျက်နှာချေမှုန့်များ ထပ်ပုတ်ပြန်သည်။

ထိုခဏတွင် ကိုလှသောင်သည် မြတင့်ရှိရာ အခန်းအတွင်းသို့ ဝင်လာပါ၏။ မြတင့်၏ ပါးပြင်ပေါ်မှ မျက်ရည်စီးကြောင်းနှစ်သွယ်အား မြင်လိုက်ရသည့်အခါ သက်ပြင်းချမိပါ၏။

"မသွားချင်ရင် မသွားပါနဲ့လား မြတင့်ရယ်"

မြတင့်က ခေါင်းရမ်း၏။

"မောင့်မျက်နှာကို ကြည့်ချင်သေးတယ်"

ထို့နောက် မြတင့်သည် မျက်လုံးအကြည့်တို့ကို ဝေ့ကာဝဲကာဖြင့် ဦးတည်ရာမရှိ ကြည့်နေမိသည်။

ကိုလှသောင်မှာ အနှီမြတင့်အား စိတ်ဆိုးလွန်းလှသည်။ မိမိနာကျင်ရမည့်လမ်းအား ပျော်ပျော်ကြီး လျှောက်နေလေသည့် မြတင့်အား မှုန့်မှုန့်ညက်ညက်ကျေအောင် ရိုက်နှက်ပစ်ချင်မိသည်။

မြတင့်သည် ဆိုးသွမ်းကာ စကားနားမထောင်ရုံတင်မဟုတ်။ ရူးမိုက်ကာ တဇွတ်ထိုးလည်း ဆန်သေးသည်။

"ဒီလောက်ခံစားနေမယ်ဆိုတာ သိသိရက်နဲ့ ဘာလို့များ လွန်းမောင်ကို အခြားသူဆီ ပေးလိုက်သေးလဲ"

မြတင့်Where stories live. Discover now