(၂၄)

27.9K 3.8K 458
                                    

မြတင့်သည် ဟောနန်းဟူသည်နှင့် သူ၏ အသည်းတို့ ခိုက်ခိုက်လုအောင် နာကျင်သွားရသည်။

မြတင့်၏ အမေသည် ဟော်နန်းထဲရှိ မဟာဒေဝီတစ်ယောက်ဖြစ်သည်။

ကုန်ကုန်ပြောရလျှင် မြတင့်သည် စော်ဘွားသွေးတစ်ဝက်၊ ဗမာသွေးတစ်ဝက် ရောစပ်ထားသော သွေးနှောတစ်ယောက်သာဖြစ်သည်။

မြတင့်၏ မိဘများ ကွဲကွာသွားပြီးနောက်တွင် မြတင့်၏ အမေသည် ဟောနန်းသို့ ပြန်သွားပြီး ဟော်နန်းရှိ ရှမ်းစော်ဘွားတစ်ယောက်နှင့် လက်ဆက်လိုက်သည်။

သို့နှင့် မြတင့်၏ အမေ နန်းမြိုင်သည် ဟော်နန်းထဲတွင် ဆက်လက်၍ ဘုန်းတန်ခိုး အာဏာ ထွန်းတောက်ခဲ့ဟန်ရှိသည်။ သို့ပါသော်ငြား မြတင့်ကိုမူ တစ်ကြိမ်တစ်ခါလေးပင် လာမတွေ့ခဲ့ပါချေ။ မြတင့်၏ သိမ်ငယ်မှု၊ အားငယ်မှုတို့အား အလေးမထားခဲ့ဟန်ရှိသည်။

မြတင့်၏ အဖေမှာမူ ဗမာစစ်စစ်ဖြစ်ပြီး ကွာရှင်းပြီးနောက်တွင် တရုတ်မတစ်ယောက်နှင့် အကြောင်းပါကာ တရုတ်ပြည်မကြီးသို့ လိုက်ပါသွားသည်ဟူ၍ သတင်းသဲ့သဲ့ကြားမိသည်။

ဤအကြောင်းအရာတို့သည် မှန်၏လော၊ မှား၏လော၊ မြတင့် အတိအကျ မသိနိုင်ခဲ့ပါချေ။ မြတင့်သည် မိမိအား ပစ်သွားလေသည့် မိဘများ၏ အကြောင်းကိစ္စအဟူဟူအား မေ့ပစ်ထားဟန်ရှိသောကြောင့် ဖြစ်မည်။

မြတင့်သည် ဝါညစ်ညစ်စာအိတ်ကို ဖောက်ဖတ်လိုက်ပါ၏။ ထို့နောက် အနည်းငယ် ဝမ်းနည်းရိပ်သမ်းမိသွားသော်လည်း ခဏမျှသာဖြစ်သည်။

"အမေ အတော်လေး မကျန်းမမာဖြစ်နေတယ်တဲ့"

မြတင့်သည် ခပ်လှမ်းလှမ်းရှိ မြတ်သိန်းအား ပြောလိုက်သည်။

စင်စစ်အားဖြင့် စော်ဘွားတို့သည် မိဘများအား "အဖဘုရား" "မယ်မယ်ဘုရား" ဟု ခေါ်ဝေါ်ကြသော်လည်း မြတင့်မှာ ငယ်စဥ်ကပင် ရန်ကုန်၌သာ ကြီးပြင်းလာသူဖြစ်ပြီး စော်ဘွားများနှင့် အထိအတွေ့ မရှိခဲ့သောကြောင့် "အဖေ အမေ" ဟူ၍သာ ခေါ်ခဲ့ရသည်။

ထို့အပြင် မြတင့်၏မိခင် နန်းမြိုင်အား မဟာဒေဝီတစ်ယောက်ဖြစ်ပါလျှက် စော်ဘွားတစ်ယောက်နှင့်လက်ဆက်ရမည့်အစား ဗမာတစ်ယောက်နှင့် အကြောင်းပါသွားခဲ့၍ နန်းမြိုင်ဘက်မှ ဆွေတော် မျိုးတော်များက မကျေမချမ်းဖြစ်ခဲ့ကြသည်။ သို့ဖြစ်၍ မြေးဦးရသည်အထိ အဆက်အသွယ်မလုပ်ခဲ့ကြပါချေ။ 

မြတင့်Where stories live. Discover now