(၁၆)

31.7K 4.3K 1.4K
                                    

ချစ်ရတဲ့ မောင်...။

စိတ်ညစ်ရတဲ့ မောင်...။

အတ္တကြီးတဲ့ မောင်...။

ဘယ်လိုပဲ ဖြစ်နေပါစေ မောင်ဟာမောင်ပါပဲ။

မြ ချစ်တာ မောင့်ရဲ့ အချစ်တွေကို မဟုတ်သလို မောင့်ရဲ့ အတ္တတွေကိုလည်း မဟုတ်ဘူး။ မြ ချစ်တာ မောင့်ကိုပါ။

မောင် အတ္တကြီးလည်း ချစ်တယ်။ မောင် အပြစ်တွေလုပ်လည်းချစ်တယ်။

မြဟာ တုံးအစွာနဲ့ မောင့်ကို ချစ်တယ်။

မောင့်ကို ရင်နဲ့မဆံ့အောင်ချစ်တယ်။ အဲ့တာကြောင့် ရင်ကွဲမတတ်နာကျင်ရတယ်။ မဟုတ်သေး။ မြမှာ ဘာမှမရှိတော့ဘူးလေ။ မြမှာ နာကျင်ပစ်လိုက်ဖို့ ဘာမှမရှိတော့ဘူး မောင်...။

မောင့်ကို ချစ်မိတာမှားမှန်း ဘဝကြီးတစ်ခုလုံး ကျကွဲသွားမှ သိလိုက်ရတာ...။

ဒီအတောအတွင်း မြ နာကျင်နေရတယ်ဆိုရင် မောင်ကရော....အဆင်ပြေပါရဲ့လား။

ထိုသို့ တွေးမိလိုက်သည့်အခါ မြတင့်၏ ရင်ဘတ်ထဲက ဆစ်ခနဲအောင့်တက်လာသည်။

လွန်းမောင်သည်လည်း သူ့နည်းတူ နာကျင်နေရမည်ကို သိသည်။

လွန်းမောင်ထံတွင် ရွေးချယ်စရာလမ်းမရှိတော့သည်မှန်း မြတင့် သိသည်။ မြတင့် လွန်းမောင်ကို နားလည်သည်။

မိမိသာ လွန်းမောင်နေရာမှာဆိုလျှင်ဟူသော အတွေးမျိုးကို မတွေးကြည့်ခဲ့ဖူးပါချေ။ တွေးဖို့လည်း မလိုအပ်ပေဟု ထင်မိသည်။ မြတင့်သည် ဘာကြောင့်များ ကိုယ်ချင်းစာပေးရမည်နည်း။

လမ်းတစ်လျှောက်ရှိ လူတို့သည် အနှီမြင်းလှည်းဖြူလေးအပေါ် ပါသွားရှာလေသည့် မိန်းမပျိုကို သိစမ်းချင်လွန်း၍ အဝေးမှ တစ်ဖုံ အနီးမှ တစ်မျိုး ချောင်းကြည့်ကြသည်။ မြင်းလှည်း၏ အမြန်နှုန်းကြောင့် သဲသဲကွဲကွဲမမြင်နိုင်သော်ငြား မြတင့်မှန်းကိုတော့ဖြင့် အားလုံးနီးပါး ရိပ်စားမိကြလေသည်။

သို့နှင့် မြတင့်၏ အနှီအရုပ်ဆိုး အကျည်းတန်လှသော သတင်းသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ အစအချိန်ကတည်းကပင် မြတင့်အား ​အထင်အမြင်သေးနေခဲ့ကြသော သူတို့အတွက်မူ ယခုအခါ၌ မြတင့်သည် အောက်တန်းစားတစ်ယောက်နှယ် ဖြစ်သွားရတော့သည်။

မြတင့်Where stories live. Discover now