(၁၀)

32.9K 4.6K 368
                                    


လွန်းမောင်သည် မြတင့်၏ ခြံရှေ့တွင် ကားရပ်လိုက်သည်။ မြတင့်သည် ကားတံခါးဖွင့်ကာ ဆင်းမည်ပြု၏။

"မြ"

လွန်းမောင်၏ ခေါ်သံလေးက တိုးတိုးဖျော့ဖျော့ကလေးဖြစ်၏။ တိုးဖျော့သည်ထက် နူးညံ့သည့်သဘောဆောင်၏။

ထိုအခါဝယ် မြတင့်က လွန်းမောင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

"မောင် သိပ်ချစ်ရပါတယ်"

မြတင့်သည် အသက်ဝင်စွာ ပြုံးလိုက်သည်။ လွန်းမောင်သည် ငေးမိသွားပါ၏။ မြတင့်က ပြုံးလိုက်ပါသည်တဲ့လား။ အို... လှလွန်းလေစွ။

"မောင် သိပ်ချစ်ရပါတယ်"ဟူသော ဤစကားလေးတစ်ခွန်းကပင် မြတင့်အား နွေးထွေးမှုကို ပေးစွမ်း၏။ ဆောင်းတွင်းနံနက်ခင်းတွင် မြူမှုန်များကြား နေပူဆာလှုံရသကဲ့သို့ လွန်းမောင်၏ စကားများသည် မြတင့်အား ထိုသို့ နွေးထွေးမှု ပေးနိုင်ပါ၏။

မောင်ကတော့ မောင်ပါပဲ။ မောင်ဟာ ထူး၍နေသည်ဟု မြတင့် တွေးလိုက်မိသည်။ မောင်ဟာ တစ်ခုခုပင်ဖြစ်၏။ ဘာလဲဟူသည်ကိုတော့ မြတင့်လည်း မသိ။ မောင်ဟာ နူးညံ့ကာ သိမ်းသွင်းတတ်လွန်းသည်။

မောင်ကတော့ မြကို သိပ်ချစ်ပေးမှာပါဟူ၍ မြတင့် စိတ်ထဲ၌ တိတ်တိတ်ကလေး ယုံကြည်နေမိသည်။

"မြ ပြန်ပြီ မောင်"

မြတင့်သည် စိတ်ကြည်လင်စွာဖြင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။ သို့ရာတွင် မြတင့်သည် ချက်ချင်းပင် စိတ်မကြည်လင်နိုင်တော့ပါချေ။

ကြီးမေသောင်းသည် ဧည့်ခန်းထဲတွင် ထိုင်ကာ ရှိုက်ကြီးတငင်ငိုနေလေသည်။ ကြီးမေသောင်း၏ ဘေးတွင် ထိုင်နေသော မြတ်သိန်းသည်လည်း မျက်နှာမကောင်းပါချေ။

ကြီးမေသောင်းက မြတင့်အား မြင်သည့်အခါ မြတင့်ထံ အပြေးလာပြီး ငိုကြွေးတော့သည်။

"ကြီးမေသောင်း ဘာများဖြစ်လို့လဲ"

"မြရယ်..၊ ခိုင် သိပ်မိုက်တယ်ကွယ်..၊ ခိုင်ဟာ သိပ်ကိုမိုက်လွန်းပါတယ်"

"ခိုင် ဘာများဖြစ်လို့လဲ၊ မြတော့ အထိတ်တလန့်ရှိလိုက်တာ"

"ဘာဖြစ်ရမလဲ မြရယ်၊ မိခိုင် လင်နောက်လိုက်သွားပြီ"

မြတင့်Where stories live. Discover now