(၁၄)

29.7K 4.3K 2.4K
                                    


မထားမေသည် အခန်းထဲတွင် တရှုံ့ရှုံ့ငိုနေခဲ့သည်။ ဦးညွန့်သည် မိသားစုဘဝမပျက်ရရေးအတွက် မထားမေအား ကိုလှသောင်ထံသို့ ပို့ပေးလိုက်ပါရန် ဆုံးဖြတ်လိုက်ချေ၏။

ဦးညွန့်သည် စာဖတ်ခန်းထဲတွင် ထိုင်ကာ ဆေးတံအိုးကို ရှိုက်ဖွာနေခဲ့ပါ၏။ ဒေါ်စိန်သည် ဦးညွန့်အား ရွံမုန်းလွန်းလှသည်။ သို့ရာတွင်မူ အိမ်ထောင်ဦးစီးဖြစ်သော ဦးညွန့်၏ အမိန့်ကို ဒေါ်စိန်သာမက လွန်းမောင်ရော ထားမေပါ မလွန်ဆန်နိုင်ခဲ့ပါချေ။

ဦးညွန့်သည်လည်း ရင်နာလှသည်။ ဦးညွန့်သည်လည်း အဘယ်သော စိတ်မျိုးဖြင့် ဤသို့ပြုလုပ်ရက်ပါမည်နည်း။ နည်းလမ်းမရှိတော့၍သာ။

ဦးညွန့်မှာလည်း သူ၏ နှလုံးသည်းခြေအား ဓားထက်ထက်တစ်ချောင်းဖြင့် အပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်သကဲ့သို့ နာကျင်လှပါ၏။ သို့ရာတွင် ဤနည်းလမ်းကိုသာ မရွေးချယ်ပါက ဤထက်ဆိုးသော အဖြစ်မျိုးနှင့် ကြုံတွေ့ရမည်သာဖြစ်သည်။

ဘုရင်ခံ၏ ရက်စက်လွန်းလှသော ခေါင်းပုံဖြတ်မှုအောက်တွင် မိမိတို့ မိသားစု၏ အသက်သည် ပျောက်ခြင်းမလှ ပျောက်သွားရမည်သာ ဖြစ်သည်။ သို့ဖြစ်၍ ဤနည်းလမ်းကသာ နောက်ဆုံးသော ရွေးချယ်ရာပင်ဖြစ်ချေ၏။

ဆေးတံကိုင်ထားသော ဦးညွန့်၏ လက်တို့သည် တုန်ရီနေလျက်ရှိပြီး ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက် ကျဆင်းသွားပါ၏။ ဦးညွန့်သည် သူ၏ဝမ်းနည်းမှုများကို မိသားစု၏ ကွယ်ရာနေရာတစ်ခုတွင် လာရောက်ဖွင့်အံနေခြင်းဖြစ်၏။

မိမိ၏ မိသားစုဝင်များမှာ မိမိကိုသာ မုန်းတီးသွားကြပါစေ။ သူတို့၏ စိတ်ထဲတွင် အမုန်းတရားများနှင့်သာ ပြည့်နှက်နေစေလိုသည်။ မိမိ၏မိသားစုများ၏ စိတ်ထဲဝယ် အကြောက်တရားအား စိုးစင်းမျှပင် မဝင်ရောက်စေလိုပါ။

လွန်းမောင်သည် မထားမေ၏ အခန်းတံခါးကို နှစ်ချက်ဆင့်ခေါက်လိုက်သည်။

"ထားမေ ကိုကို ဝင်လာမယ်နော်"

အခန်းအတွင်းမှ ငိူရှုက်သံမှလွဲ၍ အခြားအသံ ထွက်ပေါ်မလာခဲ့ပါချေ။ သို့နှင့် လွန်းမောင်သည် တံခါးကို ဆွဲဖွင့်၍ ဝင်သွားလိုက်သည်။

မြတင့်Where stories live. Discover now