သူတို့ဇာတ်ကြောင်း/သူတို့ဇာတ်ကြောင်း

4.2K 503 42
                                    

(Unicode) ဟာလေပြန်ထွက်သွားပြီးမကြာ၌ ရှိန်းနက်နှင့် ဂျူရီတို့နှစ်ယောက် အက်ဆစ်အတွက် စိတ်မကောင်းဖြစ်နေမိကြရင်း မနက်ပိုင်းအတန်းချိန်ကို မတတ်နိုင်ပဲရှိခဲ့ကြသည်။ ပန်းခြံထဲက ထိုခုံတန်းလေးမှာပဲ မထနိုင်ပဲ နှစ်ယောက်သား အတွေးကြောင်နေမိခဲ့ကြ၏။
      
အက်ဆစ်နှင့်မတွေ့ဆုံဖြစ်သေးခင် တစ်ညက . . .

" မလာနဲ့ . . ကျွန်တော့်နောက်ကို လိုက်မလာကြနဲ့ "

ဂီတကိုမြတ်နိုးမိသည့် ရှိန်းနက်ဟာ သံစုံတီးဝိုင်းအဖွဲ့ထဲသို့ စတင်ဝင်ရောက်ဖြစ်ခဲ့တဲ့အချိန်မှာ တီးဝိုင်းခေါင်းဆောင် ရိမ်းဟာ သူတို့စရိုက်အတိုင်း လူသစ်လေး ရှိန်းနက်အား အနိုင်ကျင့်ခဲ့ကြသည်။
ထိုအဖွဲ့ထဲသို့ ဝင်မိသည့် ရှိန်းနက်မှာ ချောက်နက်ထဲသို့ ခုန်ချလိုက်မိသလို မျိုးစုံနှိပ်စက်ခံခဲ့ရသည်။

ပြန်ခုံခံဖို့ အားအင်မရှိတဲ့ရှိန်းနက်ကို အတန်းချိန်တွေဖျက်ခိုင်းပြီး သူတို့ခိုင်းသမျှ လုပ်စေခဲ့သည်။ သူတို့အမိန့်အား ငြင်းဆန်လျှင် ရှိန်းနက်ကို အဖွဲ့လိုက် ရိုက်နှက်ပစ်ခဲ့ကြသည်။ ရှိန်းနက်မှာ သူတို့အဖွဲ့ထဲ ဝင်မိကတည်းက ဒဏ်ရာဒဏ်ချက်တို့နှင့် မိတ်ဆွေဖြစ်နေခဲ့သလို အဖွဲ့ထဲက ထွက်ဖို့ သူကြိုးစားခဲ့သည့် ထိုညမှာ အဖွဲ့မှထွက်လျှင် သူသေရမည်ဟု ခြိမ်းခြောက်၍ ရှိန်းနက်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

" ဂျူးဂျူးလေး . . မင်းက ကိုကြီးတို့ကို ကြောက်နေတာလား? ငါတို့က မင်းကို သတ္တိရှိတဲ့ယောကျာ်းကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ပေးနေတာလေ။ ဒီကိုပြန်လာခဲ့စမ်း "

သံစုံတီးဝိုင်းရဲ့ စီနီယာတွေဖြစ်ကြတဲ့ ကျောင်းသားငါးယောက်ဟာ ရှိန်းနက်နောက်သို့ ထက်ကြပ်မကွာ ပြေးလိုက်ရင်း ကျန်တဲ့အဖွဲ့သားတွေကတော့ ဖြတ်လမ်းကနေ သူ့ကိုတားဖို့ ကြံကြသည်။
ရှိန်းနက်မှာတော့ အားကုန်သုံးပြီး ခြေဦးတည့်ရာ ပြေးလာခဲ့ရာ. .တစ်နေရာမှာတော့ . .

" ဟားဟား ဘယ်ပြေးဦးမလို့လဲ ကောင်လေး "

ဖြတ်လမ်းမှ ပြေးလိုက်သည့်သူများဟာ လမ်းကြားတစ်ခုကနေ ရှိန်းနက်ပြေးမည့်ရှေ့သို့ ပိတ်ရပ်ထားခဲ့၍ ပြေးစရာလမ်းမရှိတော့ပဲ သူ ချောင်ပိတ်သွားခဲ့ရသည်။ ပြေးမလွတ်တော့မှန်းသိတော့ ရှိန်းနက်မှာ စိတ်နဲ့ကိုယ်နဲ့မကပ်ခဲ့ပဲ အရမ်းထိတ်လန့်တုန်လှုပ်နေမိခဲ့သည်။

Hard Murder 1(Complete)Where stories live. Discover now