1.8K 299 52
(Unicode)  ဟာလေ၏အကြံစည်တွေကို မသိသလား မသိချင်ယောင်ဆောင်နေသလားမသိတဲ့ အက်ဆစ်ဟာတော့ အမှောင်ချထားတဲ့ သူ့အခန်းထဲမှာ လက်ပ်တော့ကို ထိုင်ကြည့်နေခဲ့သည်။ ဘေးတစ်ဖက်မှာလည်း ချိတ်ဆက်ရေးကိရိယာတချို့ရှိပြီး ဖန်သားပြင်ကိုစိုက်ကြည့်ရင်း နှာခေါင်းရှုံ့နေခဲ့၏။
တောင် !
ထိုစဉ် သူ့ရဲ့လက်ပ်တော့ထဲသို့ အဆက်အစပ်မရှိသော မက်ဆေ့တစ်စောင်ကျလာရာ ထိုစာကို အက်ဆစ် ဖွင့်ဖတ်လိုက်မိသည်။
# Hello ! ကျွန်တော် ဒီရေဂိုပါ။ ကျွန်တော်တို့ကို ပြန်မဆက်သွယ်တော့ဘူးလား မစ္စတာရစ်ချက်။ သငေ်္ဘာကိစ္စမှာ ပြဿနာရှိနေလို့လား #
ကြည့်ရတာ သူ့အဖေနှင့်ဆိုင်တဲ့မက်ဆေ့ဖြစ်နေနိုင်၍ သူနှင့်မဆိုင်တာမို့ အက်ဆစ် ဘာမလုပ်ပဲ ပြန်ထွက်လာခဲ့သည်။ ဒါပေမယ့် ထိုမက်ဆေ့လေးကြောင့် သူ့ရဲ့အဖေကိုတော့ သတိရသွားရှာသည်။
အဖေဟာ တကယ်ပဲ အစ္စဘယ်ဆိုတဲ့မိန်းမနဲ့ ဖောက်ပြန်ခဲ့သလားတော့မသိပေမယ့် မိသားစုအပေါ်မှာ တာဝန်ကျေတတ်သည့်လူတစ်ဦးတော့ဖြစ်ခဲ့ပါသည်။
အမေဖြစ်သူကိုလည်း ချစ်လှလွန်းတော့ ဇာရိုမျိုးရိုးရဲ့အယူအဆတွေအတိုင်း နေထိုင်ပေးခဲ့သည်။ ချစ်စရာကောင်းတဲ့သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ရ၍ ပျော်မည်ဟု ကြံရွယ်စဉ် . . အက်ဆစ်နဲ့မာ့ခ် သုံးနှစ်သားအရွယ်မှာ အရာအားလုံးပြောင်းလဲခဲ့လေသည်။
ဇာရိုအယူအဆနဲ့ဆင်းသက်လာတဲ့အမေကြောင့် အဖေရဲ့မျက်နှာဟာ အပျော်မဲ့သွားခဲ့ရသည်။ ကလေးဖြစ်တဲ့သူတို့ကို ရိုက်နှက်ဆုံးမလာတဲ့အမေကို မြင်တိုင်း တားမြစ်ချင်ခဲ့ပေမယ့် ချစ်ဇနီးဖြစ်နေတာတစ်ကြောင်းကြောင့် အားလုံးကို လျစ်လျူရှုခဲ့ရသည်။ ဒါ့ကြောင့် အိမ်မှာအနေနည်းလာပြီး အလုပ်မှာပဲ အချိန်ဖြုန်းတတ်သွားခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းတွေကို ပြန်တွေးရင်း အက်ဆစ်တစ်ယောက် သူ့အခန်းထဲ၌ ချိတ်ထားသည့် မိသားစုဓါတ်ပုံတွေကို မျက်နှာသေနှင့် ငေးငိုင်ကြည့်နေခဲ့မိ၏။
** သတိရတယ် **
ဒေါက် ဒေါက် ဒေါက်
" မင်း ဒီထဲမှာလား "
Hard Murder 1(Complete)Dove le storie prendono vita. Scoprilo ora