နတ်ဆိုးရဲ့အိမ်ရာ/နတ္ဆိုးရဲ႕အိမ္ရာ

3.2K 381 18
                                    

(Unicode) " အားလုံး ထွက်မယ် ထွက်မယ် မြန်မြန် "
     
အက်စတိုရီးယားမြို့၏အအေးပိုင်းရာသီတွင် တစ်ခါတရံမိုးသည်းထန်စွာရွာသွန်းတတ်သလို ရံဖန်ရံခါဆီးနှင်းမစဲ ကျတတ်ပြီး အူတုန်လောက်အောင် ချမ်းအေးရတတ်သည့် မနက်ခင်းလေးတစ်ခု၌ အိပ်စက်နေကြသည့် အကျဉ်းထောင်မှ ထောင်သားများအား သွေးပူလေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ထောင်စောင့်များက သံတိုင်ကို တုတ်ဖြင့်ရိုက်ကာ နှိုးဆော်နေခဲ့သည်။
ဆူညံသောရိုက်ခတ်သံကြောင့် အားလုံးမှာ အိပ်ချင်မူးတူးနှင့် ထောင်အပြင်သို့ ထွက်လာခဲ့ရသည်။ ပြီးနောက် ကိုယ်လက်ဆေးကြောသန့်စင်ကာ ထမင်းစားခန်းထဲတွင် ထမင်းစားပြီးကြသည့်နောက်၌ . .

" ခရစ်တန်. . ဒါက ဘယ်နေရာလဲဟင်? "

ထောင်စောင့်များ ခေါ်သွားသည့် ထောင်စိုက်ခင်းကြီးတစ်ခုဆီသိ့ု သူတို့ရောက်လာခဲ့ကြသည်။ ဘာမှမသိသေးသော မာ့ခ်မှာတော့ ခရစ်တန်အနားသာ နေရင်း တိုးတီးမေးနေမိခဲ့သည်။

တကယ်တော့ ထိုစိုက်ခင်းကြီးဟာ ထောင်ရုံအနောက်ဖက်မှာရှိသည့် ဖရုံသီး၊ ပဲ နဲ့ ဘူးသီးတို့ စိုက်ပျိုးထားသော စိုက်ခင်းကြီးသာ ဖြစ်သည်။ ဘေးတစ်ဖက်မှာလည်း ပြောင်းစိုက်ခင်းတစ်ခုရှိပြီး ထိုထဲတွင် ပေါင်းမြတ်ပင်များ အုံထူလို့နေခဲ့၏။

" ကဲ အားလုံး ပေါက်တူးတစ်ခုစီ လာယူကြ "

ခရစ်တန်ကို မာ့ခ် မေးနေတုန်းမကြာ ထောင်စောင့်တချို့က မြေပြင်၌ ပေါက်တူးများ ချထားပြီး သူတို့အား အလုပ်ခိုင်းစေတော့သည်။ ပေါက်တူးကို ဘယ်လိုအသုံးပြုရသည်မှန်းမသိသော မာ့ခ်လည်း ခရစ်တန်နှင့် ရောယောင်ပြီး ပေါက်တူးတစ်လက် ဆွဲယူလိုက်မိ၏။
ထောင်မှူးတစ်ယောက်နှင့်  ထောင်စောင့်များကတော့ အရိပ်ကျသည့်အဝေးတစ်နေရာ၌ ထိုင်စောင့်နေခဲ့ကြပြီး ထောင်သားများကိုတော့ နေပူထဲမှာ ပေါင်းမြက်တူးခိုင်းခဲ့ကြသည်။

" ကောင်လေး. . ဒီလိုလုပ်ရတယ်။ ကြည့် "

ခရစ်တန်ဟာ မာ့ခ်ကို သူ့အပါးမှ မခွါခိုင်းပဲ သူလုပ်တဲ့အတိုင်း လိုက်လုပ်ခိုင်းဖြစ်သည်။ သို့သော် အခုမှ စလုပ်ဖူးသော မာ့ခ်မှာ ပေါက်တူးကိုပင် မနိုင်ရှာပဲ ပျော့တိပျော့ညံ့ဖြစ်နေ၍ ခရစ်တန် တိတ်တခိုးလေး ရယ်မိပါသည်။

Hard Murder 1(Complete)Where stories live. Discover now