ပထမဆုံးရဲ့ပထမဆုံး/ပထမဆံုးရဲ႕ပထမဆံုး

1.9K 290 21
                                    

(Unicode) " အက်ဆစ် မလုပ်နဲ့။ မျက်လုံးထဲ ဝင်ကုန်ပြီ "

" ဟဟ မသိဘူး လုပ်မှာပဲ "

အရှိန်တင်ထားသော ရေပိုက်ဖြင့် ဟာလေကို ထိုးပက်လေတော့ ပြင်းထန်တဲ့ရေစက်တွေကြောင့် ဟာလေတစ်ကိုယ်လုံး ကြိမ်းစက်လာ၍ လက်နှစ်ဖက်ဖြင့် ခေါင်းကိုကာရင်း လှည့်ပတ်ရှောင်နေခဲ့ရသည်။ အက်ဆစ် စနောက်နေသည့်ပုံစံဟာလည်း သူ့ကို နှိပ်စက်နေသည့်ပုံနှင့် မသည်းမကွဲပင်။

" ရပ်ပါတော့ ငါမွှန်းနေပြီ။ အဟက် အဟက် "

" ရပြီ။ ခေါင်းလျှော်ပေးမယ် "

ထို့နောက် အက်ဆစ်က ဘေးတန်းပေါ်က ခေါင်းလျှော်ရည်ဗူးကို ဆွဲယူကာ ဟာလေ၏ရေစိုရွှဲနေသော ခေါင်းပေါ်သို့ ခေါင်းလျှော်ရည်တွေ ညစ်ချပစ်လိုက်၏။

" ငါ့ဘာငါလုပ် "

" လက်ဖယ်စမ်းပါ။ ကျုပ်လုပ်ပေးမှာပါဆို "

အတူတူနေနေသည့်တစ်ချိန်လုံး သူ၏ဝေရာဝိစ္စများနှင့်ပတ်သက်ပြီး ကြမ်းကြမ်းတမ်းတမ်း ဝင်စွက်ဖက်တတ်၍ ဒီနေ့လည်း အက်ဆစ်၏နှောင့်ယှက်ခြင်းကို ဟာလေ ခံရပြန်ပါသည်။ ခေါင်းလျှော်ပေးနေသည်လား ကြက်အမွှေးနှုတ်နေသည်လား မသည်းကွဲလောက်အောင် ခေါင်းလျှော်ရည်များ အမြှုပ်ထရန် လက်ချောင်းများဖြင့် ဟာလေ၏ဆံပင်ကို ဆွဲဖွယူနေခဲ့သည်။

" အ အသာလုပ်ပါ။ နာတယ်ဟ "

" ငြိမ်ငြိမ်နေနော် "

လက်တွေ့မှာသာ သူက ဟာလေအပေါ် ပေါ့ပြတ်ပြတ်နိုင်တယ်လို့ ထင်ရအောင် ကြံရွယ်နေပေမယ့် သူလုပ်သမျှ ခေါင်းလေးငုံ့ကာ မှိန်းခံနေသည့်ဟာလေကို မသိမသာခိုးခိုးကြည့်ရင်း သူ့ရင်ထဲ ကြည်နူးနေမိတာကိုတော့ ဘယ်သူသိပါလိမ့်မလဲ . . ။
ဟာလေရဲ့ထင်းရင်းနေတဲ့ညှပ်ရိုးလေးတွေနဲ့ ရေပေါက်တွေကြောင့် ချောညိနေတဲ့ပုခုံးသားလေးတွေကို စိုက်ကြည့်မိတိုင်း အက်ဆစ် ရူးမတတ် သဘောကျနေမိတာကိုရော ဘယ်သူသိပါလိမ့်မလဲ . . ။

အရာရာတိုင်းကို နှုတ်က ဖွင့်ပြောမှ သိကြမယ်ဆိုလျှင် သူတို့သိဖို့အတွက် အက်ဆစ် မကြိုးစားချင်တော့ပါ။ နှလုံးသားချင်းမှ မဆက်သွယ်နိုင်ဘူးဆိုလျှင် အကြောင်းကြောင်းကြောင့် ဟာလေ အထင်လွဲသွားခဲ့မယ်ဆို အက်ဆစ် အလွဲခံလိုက်တော့မည်ဖြစ်၏ . . ။

Hard Murder 1(Complete)Where stories live. Discover now