2.4K 302 114
(Unicode) " ဟာလစေံ? "
အမှောင်ထဲမှ သူ့မျက်ဝန်းဆီသို့ ချဉ်းကပ်လာသော မျက်နှာတစ်ခုဟာ သူ လုံးဝထင်မှတ်မထားသည့် ဟာလေဖြစ်နေခဲ့တော့ . . အက်ဆစ် အံ့သြမှင်သက်ကာ သူ့ဆီသို့ ကမ်းပေးနေသောဓါးမြှောင်ကို လှမ်းယူဖို့ပင် မေ့နေခဲ့ရလေသည်။
ဟုတ်သည်။ သူ့ရှေ့မှာ ရပ်နေတဲ့သူက ဟန်ဆောင်ကောင်းလွန်းသည့် ဟာလေပင် ဖြစ်နေခဲ့၏။
" ခင်ဗျား ခင်ဗျား ဘယ်လိုလုပ်ပြီး . . ခင်ဗျားကို ကျုပ်ထွက်သွားခိုင်းထားပြီလေ။ ဘာလို့ပြန်လာတာ အ အဟစ် "
" အက်ဆစ် အက်ဆစ် "
ဟာလေ့ကို သူမေးဖို့ မေးခွန်းတွေတစ်သီကြီး ရှိနေခဲ့ပေမယ့် ကျည်ဆံရဲ့ယမ်းဆိပ်ကြောင့် ပါးစပ်မှ သွေးတွေအန်ထွက်လာပြီး နေရာမှာတင် အက်ဆစ် ယိုင်နဲ့လဲကျသွားခဲ့ရသည်။ သို့ပေမယ့် သူ့ကို မြေပေါ်သို့ အကျမခံနိုင်တဲ့ဟာလေက သူ့ကိုယ်ကို အပြေးပွေ့ဖက်ပေးလာသည်။
နွေးထွေးတဲ့လွှမ်းမိုးမှုလေးနဲ့အတူ သူ့အား စိုးရိမ်တကြီးအော်ခေါ်နေခဲ့တဲ့ဟာလေရဲ့အသံတွေကို ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေရင်းမှ . . ကံမကောင်းစွာနဲ့ သူသတိလစ်သွားခဲ့လေတော့သည် ။
တကယ်တော့ ဟာလေက သူကြံစည်ခဲ့တဲ့အရာအားလုံးကို ကြိုသိနှင့်ပြီးသား ဖြစ်ပါသည်။ ညညသူမသိအောင် ထွက်သွားတာကို သံသယဝင်မိပြီး အက်ဆစ်ရဲ့နောက်ကို မသိမသာ ခိုးလိုက်ခဲ့ဖူးသည်။ အဲ့ဒီမှာ သူရှေ့ဆက်လုပ်မယ့် အကွက်တွေကို ဟာလေ သိခဲ့ရသည် ။
အထူးသဖြင့် အက်ဆစ်က သူ့ကြောင့် ဟာလေ့ကိုထပ်ပြီးဒုက္ခမရောက်စေချင်တဲ့အတွက် သူ့ဘဝထဲကနေ ဟာလေ အလိုလိုထွက်သွားအောင် ဗင်ဇယ်နှင့်ဆက်သွယ်ပြီး အပေးအယူလုပ်ခဲ့သည်ကိုလည်း နောက်ယောင်ခံလိုက်ရာကနေ အစအဆုံး ကြားသိခဲ့ပြီးပြီဖြစ်သည်။ သို့ပေမယ့် သူ မသိချင်ဟန်ဆောင်ပြီး အက်ဆစ်ရဲ့ပြဇာတ်ကို အပြီးထိ သူကပေးခဲ့လေသည်။
ဘာကြောင့်ဆို အက်ဆစ် သူ့ကို ချစ်လို့ အခုလိုလုပ်ခဲ့တယ်ဆိုတာ သိရရင်ပဲ ဟာလေ ကျေနပ်နေမိ၍ဖြစ်၏ ။ အချုပ်ကနေ သူပြန်လွတ်လာတော့မှ တားမြစ်အိမ်လေးဆီကို ပြေးလာပြီး အက်ဆစ်ကိုရှာမိသည်။ သို့ပေမယ့် အက်ဆစ်မရှိတော့၍ နောက်ဖေးခြံမှာ ထိုးထားတဲ့ ကားနက်လေးနှင့်အတူ သံလမ်းဘက်သို့ လိုက်လာခဲ့သည်သာ ဖြစ်၏ ။
Hard Murder 1(Complete)Where stories live. Discover now