ဆူပွက်သောသွေး/ဆူပြက္ေသာေသြး

2.4K 314 34
                                    

(Unicode) မနက်ပိုင်းတိုင်း၌ နှင်းဖြူလေးများ ဖွဲကျနေတတ်သည့် ဆောင်းတွင်းချိန်ခါမှာ ကလေးသူငယ်တချို့က နှင်းလုံးပေါက်ဖို့အတွက် အားခဲနေခဲ့ကြသည်။
ဒီဇင်ဘာလထဲ ရောက်လာပြီမို့ မြေပြင်၌ ဖြူဖွေးနေအောင် ကျတတ်သည့်နှင်းတောထဲသို့ ခြေရာကောက်တမ်းကစားခြင်း၊ နှင်းလုံးပစ်ကျခြင်းဖြင့် မနက်ဆို ကလေးများ ဆူညံနေတတ်သည်။

ဒါ့အပြင် နှင်းလျှောစီးပွဲများ၊ နှင်းတောင်တက်ခြင်းများဖြင့် လူအများအတွက် ပျော်ရွှင်စရာအားလပ်ရက်များရှိနေတတ်ကြပေမယ့် . . .
လူမသိသူမသိ အခန်းထဲ အမြဲအောင်းနေတတ်သည့် အက်ဆစ်အတွက်ကတော့ ဒီဇင်ဘာဟာ သာမန်နေ့ရက်ကဲ့သို့သာ ဖြစ်သည်။

စိတ်ထင်တိုင်း ဝယ်ခြမ်းစားသောက်ထား၍ အိမ်ထဲတွင် မုန့်ခွံများ၊ စားလက်စ မုန့်ထုတ်များအပြင် ဆေးကဒ်ခွံတချို့ ဗွက်ချပေါက်နေပြီး သူ့ရဲ့မည်းမှောင်နေသောအိမ်ခန်းထဲ၌ ကြွက်ဆိုသောဧည့်သည်များက နယ်ချဲ့နေခဲ့ကြလေသည်။
တစ်ခါတရံ သူ့ခြေထောက်ပေါ်တက်ပြီး တစ်ဖက်သို့ ဖြတ်လျှောက်ပြေးတတ်သော်လည်း အက်ဆစ်က တစ်စက်ကလေးမှ မကြောက်ပဲ နံရံတစ်ခုကို မှီထိုင်ကာ ပြတင်းပေါက်ကို မျက်တောင်မခတ် ငေးကြည့်နေခဲ့သည်။

နေမပွင့်ပဲ နှင်းများထူထဲနေသောမနက်ခင်းလေးဟာ သူ့အတွက် အပြင်ထွက်ဖို့ အဆင်ပြေပေမယ့် တစ်စုံတစ်ရာကို တွေးတောငေးမှိုင်နေသည့်ပုံနှင့် သူ၏ပြာလဲ့လဲ့မျက်ဝန်းလေးဟာ နှင်းပွင့်များနှင့်ထပ်တူ လှပနေခဲ့၏။ ဖွင့်ဟထားသော ပြတင်းပေါက်မှ လေပြည်တချို့နှင့်အတူ သူ့ရဲ့နဖူးပေါ်သို့ လာလာမိတ်ဆက်သည့်နှင်းဖက်တချို့ကြောင့် အေးခနဲ အေးခနဲ ဖြစ်သွားတတ်သည်။

သို့သော် ထိုအရသာကို သူသဘောကျနေသည့်ပုံဖြင့် လွှတ်ထားခဲ့၍ သူ၏အဝါရောင်ဆံနွယ်များနှင့်နဖူးပေါ်တွင် နှင်းဖြူတို့ ရဲတင့်စွာ နေရာယူလာသည်မို့ သူဟာ နှင်းလူသားအလား။

" ဘာလို့လဲ? ဘာလို့ နက်နေတာလဲ? "

ထိုစဉ် ဆိတ်ငြိမ်နေသောသူ့အခန်းထဲ၌ သူမေးနေသောမေးခွန်းအတွက် မည်သူမျှ ဖြေပေးမယ့်လူ မရှိပေ။ အဆက်အစပ်မရှိပဲ သူမေးနေသောအရာဟာလည်း နားမလည်နိုင်စရာကောင်းပေမယ့် ထိုမေးခွန်းကို တစ်စုံတစ်ယောက်အား ရည်စူးမေးနေခြင်းသာဖြစ်သည်။ ထိုလူသား၏နာမည်ကား အနက်ရောင်မျက်ဝန်းပိုင်ရှင် ဟာလေစံ။

Hard Murder 1(Complete)حيث تعيش القصص. اكتشف الآن