လှပသောနှုတ်ဆက်ခြင်း/လှပသောနှုတ်ဆက်ခြင်း

1.6K 264 48
                                    

(Unicode) မာ့ခ်က ရက်စက်ယုတ်မာတဲ့လောကကြီးထဲမှာ စိတ္တဇဆန်စွာ ရှင်သန်ဖို့ ကြံရွယ်နေတဲ့အချိန် . . အက်ဆစ်ကတော့ အချစ်ကြောင့် သူ့လက်တွေ သွေးမစွန်းသည်က အတော်ကြာခဲ့ပေပြီ ။ နူးညံ့တဲ့အချစ်နဲ့ အေးချမ်းတဲ့ဟာလေအပြုံးတို့အောက်မှာ မှိန့်မှိန့်ကြီး နားခိုနေမိတဲ့ကလေးလေးတစ်ယောက်အလား . . ။

" ဝါး . . ဒီည လမင်းကြီးက သာယာလိုက်တာ။ မိုးတိမ်မည်းကြီးတွေကလည်း ကဗျာဆန်လို့။ ဟိုကို လှည့်ကြည့်ပါဦး အက်ဆစ်ရဲ့ "

ချစ်တယ်လို့ အဖြေပြန်ပေးခြင်းမခံရပေမယ့် နောက်ဆုံး သူ့ကိုနမ်းခဲ့တဲ့အကြင်နာအနမ်းနဲ့တင် ဟာလေ အားလုံးကို သဘောပေါက်နေပြီမို့ မှန်ကြည်ကာထားတဲ့နံရံကနေ ကောင်းကင်ကြီးကို မော့ကြည့်ပြီး သူပြုံးပျော်နေခဲ့သည်။
အက်ဆစ်မှာတော့ ဆွတ်ဖာပေါ်ထိုင်နေသည့်ဟာလေ၏ပေါင်ရင်းကို ခေါင်းအုံးလုပ်အိပ်နေပြီး ဟာလေ့ကို မော့ကြည့်နေခဲ့၏။

** ခင်ဗျားနဲ့လည်း ကျွန်တော် ရူးရတော့မယ်ထင်ပါရဲ့ ဟာလေစံရယ်။ ဘယ်လိုအဆုံးသတ်ရမလဲ? ကျွန်တော် ခင်ဗျားနဲ့ ဘယ်လိုအဆုံးသတ်ရမလဲ ? **

" ဟာလေစံ "

ကောင်းကင်ကြီးကို ကြည့်ကာ ပြုံးပျော်နေသည့်ဟာလေ၏အပြုံးတွေကို သူ့မျက်ဝန်းထဲမှာ ထာဝရစာ စွဲလမ်းသွားမည်ဆိုးတာမို့ မျက်လွှာကို ချကာ စကားစပြောလိုက်မိသည်။

" ဟင် ဘာလဲ? "

" ည၈နာရီထိုးရင် အသစ်ထွက်တဲ့လူသတ်ကားကို ရုံတင်ပြမှာတဲ့။ ကျုပ်သွားကြည့်ချင်တယ် "

" ဖြစ် ဖြစ်ပါ့မလား။ ငါတို့က ဝရမ်းထုတ်ခံထားရတာလေ "

" ပြေပါတယ်။ ဒီလိုလုပ်ရင်ပေါ့ "

" ဘယ်လိုလုပ်မှာလဲ ? "

ရဲတွေနဲ့စစ်ဆေးရေးသမားတွေ မရိပ်မိစေဖို့အတွက် အက်ဆစ် သုံးလိုက်သည့် အရာက . . မျက်တွင်းဟောက်ပက်၊ ပါးစပ်ပြဲပြဲနှင့် သရဲမျက်နှာဖုံးနှစ်ခုသာ ဖြစ်၏ ။ ဒီညဟာ တစ္ဆေများည ဖြစ်တာမို့ လမ်းသွားလမ်းလာလူတော်တော်များများဟာ ပုံစံမျိုးစုံနှင့် ရုပ်ဖျက်သွားနေကြသည်မို့ သူတို့အတွက် လျှောက်ပတ်သွားဖို့ အဆင်ပြေစေခဲ့သည်။
သို့သော် သရဲပုံကြီးမို့ ဟာလေမှာ ဝတ်ဖို့ပင် တွန့်ဆုတ်ဆုတ်ဖြစ်နေခဲ့ပါသည်။

Hard Murder 1(Complete)Where stories live. Discover now