3.4K 410 48
(Unicode)  " လွန်ခဲ့သော ည ဆယ့်တစ်နာရီ နှစ်ဆယ့်သုံးမိနစ်အချိန်၌ အယ်လ်ဖာကုမ္ပဏီက ဓါတ်လှေကားတစ်ခုတွင် အမျိုးသမီးတစ်ဦး ရက်ရက်စက်စက်အသတ်ခံရ . . . "
ဓါတ်လှေကားထဲတွင် အက်ဆစ် သတ်လိုက်၍ သေနေပြီဖြစ်သော အစ္စဘယ်အား မှုခင်းဆရာဝန်တချို့နှင့် ရဲတော်တော်များများ စစ်ဆေးရေးပြုနေကြ၍ ထိုကုမ္ပဏီ၌ လူများ ရုတ်ရုတ်သဲသဲဖြစ်နေခဲ့ကြသည်။
ဓါတ်လှေကားတစ်ဝိုက်၌ တားမြစ်စည်းများ ချထားခဲ့ပြီး အရာရှိချုပ် ဗင်ဇယ်ဟာ နောက်ဆုံးမျက်မြင်သက်သေဖြစ်သော အစ္စဘယ်၏သူငယ်ချင်း မီရာဆိုသော အမျိုးသမီးကို စစ်ဆေးမေးမြန်းနေခဲ့သည်။
သူမမှာတော့ သူငယ်ချင်းဖြစ်သူ၏ ကြောက်စရာကောင်းစွာ သေဆုံးနေမှုကြောင့် မေးသမျှကို ပြန်ဖြေရန် ထစ်ထစ်ငေါ့ငေါ့ဖြစ်နေခဲ့လေသည်။
" ညက သူနဲ့စကားပြောပြီး သန့် စင် ခန်း ကို သွား။ ပြန် အ လာ မှာ သူ့ ကို စောင့် ရင်း က နေ စိတ် မရှည် လို့ သွားကြည့်တော့ ဓါတ်လှေကား ထဲ မှာ သေ နေ . . "
" ဟုတ်ပါပြီ။ မစ်စ်မီရာ။ အဲ့ဒါကို သူ့ကို သတ်ပစ်ဖို့အထိ ရန်ညှိုးရန်စ ရှိတဲ့လူများ ရှိသလား? "
" မ မရှိပါဘူး။ သူက ဖော်ရွေတယ်။ ပေါင်းသင်းတတ်တယ်။ သူက ကျွန်မတို့ရဲ့ စံပြပါ။ အလုပ်မှာလည်း အရမ်းတော်တယ်။ "
မီရာလည်း ရုတ်တရက်ဆိုတော့ သူ့ခေါင်းထဲ၌ ဘာမျှ ပေါ်မလာတော့ပဲ ဗင်ဇယ်အား တုန်လှုပ်စွာ ပြောဆိုနေခဲ့သည်။ ထိုအချိန်မှာ စုံထောက်ဖြစ်တဲ့ ဟာလေကတော့ ဓါတ်လှေကားထဲက အစ္စဘယ်၏အလောင်းအား ဖက်နမ်းတော့မည့်အလား ပြူးပြဲစစ်ဆေးကြည့်နေခဲ့သည်။
အလောင်းတွင် ရင်ဘတ်၌ ဓါးဒဏ်ရာ တစ်ချက်၊ လည်မြို၌ ဓါးဒဏ်ရာတစ်ချက်၊ ပြီးနောက် ရင်ခေါင်းပိုင်းနှင့် ဝမ်းဗိုက်၌ ဓါးဒဏ်ရာ ဆယ့်တစ်ချက် စုစုပေါင်း ဆယ့်သုံးချက်လောက် ရက်ရက်စက်စက်ထိုးသတ်ထားခဲ့၍ ထိုလူသတ်သမားဟာ ရဲများအတွက် သတိထားစရာပင် ဖြစ်လာခဲ့လေသည်။
" ဘယ်လိုတောင် သတ်ထားတာလဲ မသိဘူး. . ရက်စက်လိုက်တာ။ လူမှ ဟုတ်သေးရဲ့လားကွာ "
Hard Murder 1(Complete)Tempat cerita menjadi hidup. Temukan sekarang