Extra 1

2.3K 241 40
                                    

(Unicode)  " ပျင်းလိုက်တာ ဟာလေစံ။ ဂိမ်းလေးတစ်ခုလောက် မကစားချင်ဘူးလား? "

မိုးတဖွဲဖွဲကျနေတဲ့ ညအချိန်လေးမှာ စကားဆိုလာတဲ့အက်ဆစ် ။
ငြိမ်ကျနေတဲ့ပတ်ဝန်းကျင်တစ်ခုမှာ သူတို့ရဲ့ကားလေး ရပ်နားထားလျှက် ။

" ဘယ်လိုမျိုးလဲ အက်ဆစ် "

သိချင်စိတ်နဲ့ ဟာလေ မေးမိတော့ ကားမီးရောင်အောက်မှာ ခပ်ယဲ့ယဲ့လေး အက်ဆစ် ပြုံးပြခဲ့သည်။ ထို့နောက် ကားဘောက်စ်ထဲမှ အနက်ရောင်ပုဝါတစ်ထည်ကို ဆွဲထုတ်ကာ ဟာလေ့ရဲ့မျက်ဝန်းကို စည်းနှောင်ဖို့ ကြိုးစားလာခဲ့၏။

" အက်ဆစ် ဒါ ဒါဘာလုပ်တာလဲ? "

" တူတူပုန်းတမ်းကစားမလို့လေ။ ၂မိနစ်ကြာတဲ့အထိ ဒီပုဝါကို စည်းထားရမယ်။ ဖွင့်ကြည့်လို့လည်းမရဘူးနော် "

ကြည့်ရတာ တစ်ခုခုလုပ်တော့မယ်ပုံနဲ့ ဖုံးဖိပြောနေတာမို့ ဟာလေ စိတ်မချဖြစ်မိပေမယ့် . . ချစ်သူက ဆန္ဒရှိလွန်းနေတော့ ခေါင်းငုံ့ကာ ငြိမ်ခံလိုက်မိသည် ။

အင်း . .
ဂျိမ်း ! !

လက်ခံလိုက်တဲ့စကားရဲ့နောက်မှာ အနက်ရောင်ပုဝါတစ်ခုက အမှောင်ထုနဲ့အတူ သူ့အမြင်လွှာကို ပိတ်ဖုံးသွားခဲ့သည်။ အက်ဆစ်ရဲ့အပြုံးနဲ့ မျက်ဝန်းလေးတွေကို သူ မမြင်ရတော့ ။
မိုးတဖွဲဖွဲကျတဲ့အသံနဲ့ လျှပ်စီးလက်တဲ့အသံကိုကြားရပြီးနောက် ကားတံခါး ဖွင့်လိုက်တဲ့အသံကို သူထပ်ဆင့်ကြားခဲ့ရသည်။

အဲ့ဒီနောက် သူ ရွေ့လျားနေတဲ့စက္ကန့်တွေကို ရေရွတ်မိပြီး နှစ်မိနစ်ပြည့်သွားတဲ့အခါမှာတော့ . .

" အချိန်ပြည့်ပြီနော် အက်ဆစ်။ "

အက်ဆစ်ကို ရှာဖို့အတွက် သူ့ရဲ့မျက်ဝန်းထက်က ပုဝါကို ဖယ်ချခဲ့လိုက်သည်။ လူရိပ်လူယောင်မရှိတဲ့ ရှင်းလင်းနေတဲ့ပတ်ဝန်းကျင်တစ်ခုနဲ့ မိုးဖွဲတွေကြား ထိုကောင်လေး ဘာတွေကြံနေသလဲဆိုတာ သူ မသိနိုင်လေတော့ စိုးရိမ်စိတ်က ရင်ထဲထပ်ဆင့်တိုးလာခဲ့ပါရဲ့ ။

" အက်ဆစ် "

ကားတံခါးကို ဖွင့်ပြီး မိုးဖွဲတွေကြား သူ့ကို တိုးတီးခေါ်မိပြန်တော့ . . သူ့အစား လမ်းဘေးက ခွေးတချို့က ဟာလေ့ကို အဖြေပြန်ပေးကြသည်။ ကိုက်ခဲတော့မတတ် တဝုတ်ဝုတ်ဖြင့် မာန်ဖီနေ၍ ကိုယ်မသိတဲ့နယ်စိမ်းပတ်ဝန်းကျင်မှာ အက်ဆစ်ကို သူရှာရခက်နေခဲ့၏။

Hard Murder 1(Complete)Where stories live. Discover now