အကြိုဟန်းနီးမွန်း/ အျကိုဟန္းနီးမြန္း

2.5K 292 30
                                    

(Unicode) အလင်းရောင် ဖြန့်ကျက်လာတဲ့ နေ့သစ်လေးတစ်ခုမှာ အိပ်မောကျနေမိသည့်ဟာလေတစ်ယောက် ပတ်ဝန်းကျင်က ဆူညံသံတချို့ကြောင့် အိပ်နေရာမှ နိုးသွားခဲ့လေသည်။

** ဆူလိုက်တာ . . ဘာသံတွေပါလိမ့် **

ပိတ်ဖုံးနေတာကြာပြီဖြစ်တဲ့အမြင်လွှာတွေမှာ အလင်းရောင်နှင့် ထိထိချင်း စူးရှသွား၍ မျက်လုံးကို လက်နှစ်ဖက်ဖြင့် ဖိပွတ်ရင်း မွေ့ယာပေါ်ကနေ သူ ထထိုင်လိုက်မိသည်။ ပြီးနောက်မှ မျက်လုံးကို အသာဖွင့်ကြည့်လိုက်တော့ . . အခန်းတစ်ခုမှာ သူရောက်နေမှန်း သတိထားလိုက်မိသည်။ ဒါ့အပြင် ဖရိုဖရဲဖြစ်နေတဲ့သူ့အဝတ်တွေနဲ့အတူ ကိုယ်ပေါ်က ကိုက်ရာတချို့ကို မြင်မိတော့ ဟာလေ့ရဲ့မျက်ဝန်းတို့ ပြူးလည်သွားကာ စောင်စကို ပုခုံးထက်ထိ ပြန်ဆွဲခြုံလိုက်မိ၏။

** ငါ ဘာဖြစ်သွားတာလဲ? ငါ ဘာတွေဖြစ်ခဲ့တာလဲ? ဒီခံစားချက်က ငါ့စိတ်ကို ဘာလို့ မလုံမလဲဖြစ်နေစေတာလဲ? ငါ သတိလစ်သွားပြီး ဘာဖြစ်ခဲ့တာလဲ? **

နိုးနိုးချင်းမှာပဲ ခေါင်းထဲ အတွေးပေါင်းစုံ တိုးဝင်လာပြီး အကြိမ်ကြိမ်ပြန်စဉ်းစားသော်လည်း သူဘာဖြစ်ခဲ့သလဲဆိုတာ သေချာရေရာ မသိတော့၍ အပြင်ဘက်၌ ဆူညံနေသောအသံဆီသို့ သွားဖို့ သူဆုံးဖြတ်လိုက်သည်။
ခြေထောက်က ဒဏ်ရာမှာလည်း အနည်းငယ်သက်သာနေဟန်ရှိသည်မို့ အဝတ်တွေပြန်ဝတ်ရင်း ထော့နဲ့ထော့နဲ့ဖြင့် အနောက်တံခါးဝသို့ သူလျှောက်လာခဲ့မိသည်။

တံခါးက ဖွင့်လျှက်သားဖြစ်နေ၍ သူအသာဆွဲဖွင့်လိုက်တော့ ခြံအနောက်ဖက်၌ အဖြူရောင်ကားနှစ်စီးနှင့်အတူ အက်ဆစ်ကို မြင်လိုက်ရလေသည်။ ဘာကြောင့်မှန်းမသိ အက်ဆစ်မျက်နှာကို ရင်ဆိုင်လိုက်ရတဲ့အခါ သူ့စိတ်ထဲ ရှက်သလို ကြောက်သလို ဖြစ်မိသွားရသည်။

" ခင်ဗျား နိုးလာသေးသားပဲနော် "

ထိုစဉ် အက်ဆစ်က သူ့ကို လှမ်းနှုတ်ဆက်တော့ ဟာလေ မျက်လွှာချလိုက်မိပြီး ဘာမပြောနိုင်ပဲဖြစ်နေခဲ့၏။

** ငါ ဘာဖြစ်နေတာလဲ? ဘာဖြစ်သွားရတာလဲ **

ခါတိုင်းဆို အက်ဆစ်ကို တစ်စက်ကလေးမှ မကြောက်ရွံ့ပဲ ပြန်ခံပြောတတ်ခဲ့ပေမယ့် ဒီနေ့မှာ သူ တုံ့ပြန်ဖို့ ဝန်လေးနေခဲ့ရာ သူ့ရဲ့ခက်ခဲနေသောအမူအရာကိုကြည့်ရင်း အက်ဆစ်က သူ့ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

Hard Murder 1(Complete)Where stories live. Discover now