°1°<Uni>

20.7K 528 14
                                    

UNICODE💫

Love Meaning & Its Duty (1)
•••••••••••••• * •••••••••••••

"ကျွန်တော် ကျန့်ကောကိုချစ်တယ်..."

"ငါမင်းကိုမချစ်ဘူးရိပေါ်...မင်းနောက်ဆိုငါ့စီထက်မလာပါနဲ့...ငါ့မှာချစ်သူရှိနေတာမင်းလည်းသိနေတာပဲ...နောက်ပြီးမင်းကိုငါညီလေးတစ်ယောက်ထက်ပိုသဘောမထားနိုင်ဘူး...မင်းဒီလိုတွေထပ်လုပ်နေရင်ငါမင်းကိုမုန်းမိလိမ့်မယ်..."

ပြောပြီးသူ့ရှေ့ကလှည့်ထွက်သွားသည့်ကျောပြင်ကျယ်ကြီးကိုရိပေါ်တမေ့တမောငေးကြည့်နေမိတယ်။မထူးဆန်းတော့ပါဘူး။ဒါနဲ့ဆိုသူကျန့်ကောစီကအငြင်းခံရတာနှစ်ဆယ့်တကြိမ်မြောက်။အငြင်းခံရတယ်လို့ပြောရလောက်အောင်လည်းသူကျန့်ကောစီကပြန်ချစ်လာဖို့ကိုမျှော်လင့်ပြီးအဖြေတောင်းခြင်းမျိုးမဟုတ်။ဒီတိုင်းသူချစ်တယ်ဆိုတာ ကျန့်ကောကိုသိစေချင်ရုန်ပဲ။

(13.12.2020)အဲ့နေ့ကပန်းခြံထဲမှာကျွန်တော်ကျန့်ကောကိုစတွေ့ခဲ့တာ။ရှပ်အပြာလေးကိုစတိုင်ပင်အနက်လေးနဲ့တွဲဝတ်ထားတဲ့ကျန့်ကောကသိပ်ကြည့်ကောင်းတယ်။လက်ချောင်းသွယ်သွယ်တွေကြားစုတ်တံတစ်ချောင်းကိုနေရာချထားရင်းကင်းဘတ်ပေါ်ဆေးခြယ်နေသည့်ကျန့်ကောကတကြိမ်တခါတွေ့ရုန်နဲ့ကျွန်တော့်နှလုံးသားကိုပါခြယ်လှယ်နိုင်ခဲ့တယ်။

ဒါမဲ့ကံကြမ္မာကကျွန်တော့်ဘက်မှာအရင်ကလည်းရှိမနေခဲ့သလိုအဲ့အချိန်တုန်းကလည်းရှိမနေခဲ့ဘူး။ကျွန်တော်ပန်းခြံကိုနေ့တိုင်းသွားဖြစ်တယ်။သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ကအဲ့အချိန်ဆိုကင်မရာတလုံးနဲ့ကျန့်ကောမသိနိုင်တဲ့တနေရာကနေfan boyလေးဖြစ်ခဲ့ရတယ်။

ကျွန်တော့်ရဲ့တရိပ်ရိပ်တိုးလာတဲ့ဆွဲလမ်းစိတ်ကြောင့်အလုပ်တွေမအားလည်းကျန့်ကောပန်းခြံထဲရှိမယ့်အချိန်ဆိုမပျက်ကွပ်သွားတတ်တယ်။နေခြည်နုနုအောက်ကပန်းချီဆရာလေးကိုကျွန်တော့်ရဲ့လက်ရာမြောက်တဲ့ပန်းချီကားအဖြစ်အမြဲမှတ်တမ်းတင်လေ့ရှိတယ်။

ကျွန်တော့်ရဲ့ခိုးကြောင်ခိုးဝှက်ကင်မရာသမားဘဝနှစ်ပတ်တိတိပြည့်တဲ့နေ့မှာကျန့်ကောကျွန်တော့်ကိုသတိထားမိသွားတယ်။ကျန့်ကောကျွန်တော့်ကိုပထမဦးဆုံးပြောတဲ့စကားလေးက*တွေ့ရတာဝမ်းသာပါတယ်ညီ...မင်းလည်းဒီကိုနေ့တိုင်းလာနေကျလား...*တဲ့။ရှေ့သွားကြီးကြီးတွေပေါ်သည်အထိပြုံးပြလာသည့်ကျန့်ကောကိုထိုနေ့ကစပြီးကျွန်တော်ဘက်ကချစ်မိသွားတယ်ဆိုတာအသေအချာပဲ။

Love Meaning & Its Duty[Complete]Where stories live. Discover now