°20°<Uni>

4.1K 341 28
                                    

_________
Unicode
_________

Love Meaning & Its Duty(20)
•••••••••••••• * ••••••••••••••

အတူရှိနိုင်သည့်ကျန်ရှိတဲ့နေ့ရက်တိုင်းမှာရိပေါ်ကျန့်ကောပျော်ရွှင်ဖို့တက်နိုင်သလောက်ကြိုးစားမိတယ်။ကျန့်ကောစိတ်အားငယ်တာမျိုးမဖြစ်ရလေအောင်အလုပ်တွေဖြတ်ပြီးအချိန်တိုင်းအနားမှာပဲနေပေးတယ်။ကျန့်ကောချို့ယွင်းချက်ကိုမေ့မေ့ပျောက်ပျောက်ဖြစ်သည်အထိရယ်ရယ်မောမောစကားတွေပြောဖြစ်တယ်။အချိန်တိုင်း အချိန်တိုင်းကျန့်ကောပျော်ရွှင်နေတာပဲရိပေါ်လိုလားတယ်။

"ပေါ်တိ..."

"အင်း...ကျွန်တော်ကျန့်ကောနောက်မှာရှိတယ်..."

weel chairလေးကိုဖြည်းဖြည်းမှန်မှန်တွန်းရင်းအတွေးလွန်နေရာမှကျန့်ကောခေါ်သံကြောင့်အနားမှာရှိနေကြောင်းအသံပြုမိတယ်။သူအသံတိတ်တာနဲ့ပေါ်တိလို့တဖွဖွခေါ်တတ်သည့်ကျန့်ကော၊မထူးရင်လက်နှစ်ဖက်နဲ့မရမကလိုက်စမ်းတတ်သည့်ကျန့်ကော။နောက်ဆိုသူဘယ်လိုထားခဲ့ရပါ့။

"ပေါ်တိ...တနေရာရာမှာထိုင်ရအောင်..."

ကျန့်ကောစကားကြောင့်weel chairလေးကိုဆေးရုံပန်းခြံထောင့်နားကခုံတမ်းလေးစီတွန်းသွားလိုက်တယ်။ကျန့်ကောကိုweel chairပေါ်ကတွဲထူပေးရင်းနှစ်ယောက်သားထိုခုံတမ်းလေးမှာပူးပူးကပ်ကပ်ထိုင်မိကြတယ်။

ပန်းခြံထဲလမ်းလျှောက်နေကြသည့်လူနာတချိ​ု့နဲ့nurseတွေ။ဆော့ကစားနေကြသည့်တောက်တက်တောက်တက်ကလေးလေးတွေ။ကြည်လဲ့လဲ့ဖြာကျနေသည့်ရေဗန်းလှလှလေးကပန်းခြံအလယ်မှာနေရာယူထားတယ်။အသံသာကြားရပြီးမြင်စိပသာကျစရာတွေကိုမမြင်နိုင်သည့်ကကျန့်ကောကိုရိပေါ်စိတ်ရှည်ရှည်နဲ့တခုချင်းပြောပြမိတယ်။

"ကျန့်ကော...ကျွန်တော်တို့နဲ့ခပ်လှမ်းလှမ်းမှာကလေးလေးသုံးယောက်ပြေးတိုင်းလိုက်တိုင်းဆော့နေကြတယ်...ကျန့်ကောကြားရလား..."

"အင်း...ပေါ်တိ ကောကြားရတယ်..."

ပေါင်ပေါ်တင်ထားသည့်ကျန့်ကောလက်တစ်ဖက်ကိုစုတ်ကိုင်လိုက်ရင်းရိပေါ်အသေးစိတ်ဆက်ပြောပြမိတယ်။

Love Meaning & Its Duty[Complete]Where stories live. Discover now