°25°<Uni>

4.4K 342 16
                                    

◀Unicode▶

Love Meaning &Its Duty(25)
••••••••••••••• * ••••••••••••

ဆေးရုံပြတင်းပေါက်မှာခေါင်းလေးပြူလို့တံခါးဘောင်ပေါ်မေးတင်ထားသည့်ပေါ်တိကမမြင်နိုင်သည့်ကောင်းကင်ကြီးကိုရှုစားနေတာတဲ့လေ။wheel chairလေးပေါ်ထိုင်ရင်းတိတ်ဆိတ်နေသည့်ကောင်လေးကလေနုအေးတွေတိုက်ခတ်လိုက်တိုင်းခပ်ရေးရေးလေးပြုံးတယ်။ပေါ်တိကိုယ်ပေါ်ခြုံလွှာလေးခြုံပေးလိုက်ရင်းအနားသွားထိုင်ကာနှဖူးပြေပြေလေးကိုအနမ်းခြွေမိတယ်။

"ပေါ်တိ..."

"ဗျာ..."

"ကောဘာယူလာလဲ ပြောကြည့်..."

"အမ်းးး...စားစရာတခုခု..."

"အမ်ဟမ်း..."

"မဟုတ်ဘူးဆိုတော့ ဘာများလဲ...ကောပြောပြမယ်ကျွန်တော်သိရမှာပေါ့..."

ငြူစူလာသည့်ယောက်ျားလေးကြောင့်ရှောင်းကျန့်ခပ်ဟဟရယ်ရင်းနောက်မှာဖွတ်လာတဲ့ပန်းချီကားလိပ်လေးထုတ်ယူလိုက်တယ်။ပေါ်တိလက်တစ်ဖက်ကိုယူပြီးပန်းချီကားပေါ်ကပေါ်တိရဲ့ပုံတူကိုထိတွေ့စေတော့ခေါင်းလေးဟိုစောင်းဒီစောင်းနဲ့အထိတွေ့ကနေအာရုံခံတယ်။

"ကျန့်ကော...ဘာလဲဟင်..."

"ပေါ်တိပုံတူပန်းချီလေ...ကောကိုယ်တိုင်ဆွဲထားတာ...ဘယ်လိုလဲ ကြိုက်ရဲ့လား..."

"အွန်း...ကျွန်တော်အရမ်းသဘောကျတယ်ကျန့်ကော..."

မမြင်ရမှန်းသိသိကြီးနဲ့ကြိုက်ရဲ့လားမေးမိသည့်ရှောင်းကျန့်နဲ့မမြင်ရပါလျှက်အရမ်းသဘောကျကြောင်းပြောနေသည့်ရိပေါ်တို့ကအတိုင်ပေါက်ညီညီမျက်ရည်တွေနဲ့ခပ်ပြုံးပြုံးပင်။

"ကျန့်ကော...မမမေကိုချစ်လားဟင်..."

ရုတ်တရက်မေးခွန်းထုတ်လာသည့်ပေါ်တိကြောင့်ရှောင်းကျန့်မျက်မှောင်ကျုံ့မိတယ်။ဘာလားပေါ်တိဘာတွေတွေးနေပြန်တာလဲ။

"အင်း...ချစ်ခဲ့တယ်..."

သူ့အဖြေစကားကြောင့်ငိုမဲ့မဲ့လေးဖြစ်သွားသည့်ပေါ်တိ။ရှောင်းကျန့်သဘောတကျရယ်ရင်းဘေစောင်းမြင်နေရသည့်ပေါ်တိပါးတစ်ဖက်ကိုဖိနမ်းလိုက်တယ်။

Love Meaning & Its Duty[Complete]Where stories live. Discover now