°2°<Uni>

5.3K 353 8
                                    

UNICODE💫

Love Meaning & Its Duty(2)
•••••••••••••• * •••••••••••••••

"ရိပေါ်...မင်းဒီတရက်လောက်ထပ်နားလိုက်ဦး မနက်ဖြန်မှမင်းရိုက်ကွင်းလာနိုင်မယ်လို့ ငါဒါရိုက်တာကိုဖုန်းဆက်ပြောပြီးပြီ..."

"ကယ်ဗင်...ကျွန်တော်ကျန့်ကောစီသွားချင်တယ်..."

ဆေးရုံကုတင်ပေါ်ကနေတောင်းဆိုသလိုပြောလာသည့်ရိပေါ်စကားကြောင့်ကယ်ဗင်မှာlaptopပေါ်ပြေးလွှားနေသည့်လက်တွေတုံ့ရပ်လိုက်မိတယ်။ဘယ်လိုတောင်အစွဲလမ်းကြီးတဲ့ကောင်လေးလဲ။ဟိုကတွေ့တာနဲ့ထိုးကြိတ်လွှတ်နေတာတောင်ဒီကောင်လေးကခုထိဇွဲမလျော့သေး။

"မရဘူးရိပေါ်...မင်းမျက်နှာထပ်ထိခိုက်လို့မဖြစ်ဘူး...ဆေးရုံကတောင်မနက်ဖြန်မှဆင်းခွင့်ပေးထားတာ..."

"လုိက်ပို့ပေးပါကယ်ဗင်ရယ်...ကျွန်တော်ကျန့်ကောကိုအဝေးကပဲကြည့်မယ်လေနော်...ကျွန်တော့်ကိုကျန့်ကောမမြင်ရင်ကျွန်တော့်မျက်နှာလည်းထိခိုက်တော့မှာမှမဟုတ်ပါတာ..."

"မင်းဘာလို့အဲ့လောက်ခေါင်းမာရတာလဲရိပေါ်...မင်းကိုရှောင်းကျန့်ကမုန်းနေတာလေ...ဒါတောင်မင်းကသူ့စီကအချစ်ကိုမျှော်လင့်နေသေးတာလား..."

"မ မဟုတ်ဘူး...ကျွန်တော့်ကိုကျန့်ကောပြန်မချစ်လည်းရပါတယ် ကျွန်တော်ကျန့်ကောကိုတောင်းပန်ချင်ရုန်လေးပါ ဒါမဲ့ဒီတခါတော့ကျန့်ကောကိုသွားမတွေ့ပဲအဝေးကပဲကြည့်မယ်လေ...နော်...လိုက်ပို့ပေးပါနော်ကယ်ဗင်ကျွန်တော်တောင်းဆိုတာပါ..."

ပြောရမရသည့်ရိပေါ်ကြောင့်ကယ်ဗင်သက်ပြင်းရှည်ကြီးချလိုက်မိတယ်။တကယ်ပဲရိပေါ်အစားသူအရမ်းစိတ်မောတယ်။

"ဟင်း...ကောင်းပြီလေ မင်းကတိအတိုင်း ရှောင်းကျန့်ကိုသွားတွေ့လို့တော့မရဘူးနော်..."

"အွန်း...အွန်း...ကျွန်တော်ကတိပေးတယ်..."

ဆေးရုံဝတ်စုံနဲ့ဖြူဖျော့နေသည့်ရိပေါ်ကချက်ချင်းတက်တက်ကြွကြွနှင့်ခေါင်းကိုတွင်တွင်ငြိမ့်ပြတယ်။

"ရော့...အရင်ဆုံးဒီဝတ်စုံလဲဝတ်လိုက် မင်းကသာမာန်လူတွေလို့အပြင်ထွက်လို့မရဘူးဆိုတာတော့မမေ့လောက်ပါဘူးနော်ရိပေါ်..."

Love Meaning & Its Duty[Complete]Where stories live. Discover now