°5°<Uni>

4.2K 366 14
                                    

UNICODE💫

Love Meaning & Its Duty(5)
•••••••••••••• * •••••••••••••

ရိပေါ်ရေချိုးခန်းထဲရောက်တာနဲ့jaccuziထဲရေအပြည့်ဖြည့်ကာဝင်စိမ်လိုက်နေလိုက်တယ်။အခန်းထဲကျန်ခဲ့သည့်ကျန့်ကောကတော့ဘယ်လိုနေလဲမသိပေမဲ့ရိပေါ်ကတော့နာကျင်စရာတွေပြည့်နှက်ခဲ့သည့်မဂ်လာဦးညကြောင့်လူတကိုယ်လုံးကိုင်ရိုက်ခံထားရသလိုပဲ။

တကိုယ်လုံးကိုရေနဲ့သန့်စင်စေတော့ဘယ်နေရာထိမိထိမိနာလွန်းလို့ရိပေါ်မှာတချက်တချက်မဲ့ခနဲ။အခြားလူအတွက်တော့ခံနိုင်ရည်ရှိနိုင်ပေမဲ့ရိပေါ်လိုနုဖတ်ဥအက်နေသည့်သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့တော့ဒီအရာတွေကအတော်နာကျင်စေသည်။

ရွံတယ်တဲ့။ကျန့်ကောကသူ့ကိုရောသူ့ခန္ဓာကိုယ်ကိုရောအရမ်းရွံရှာသွားမှာပဲ။ရိပေါ်တွေးရင်းလှိုက်တက်လာသည့်ဝမ်းနည်းမှုကြောင့်ကျုံ့ကျုံ့လေးထိုင်ကာဒူးနှစ်ဖက်ကိုဖက်တွယ်ရင်းမထိန်းချုပ်နိုင်စွာငိုချလိုက်မိတယ်။

"အင့်...အီး...ဟီး...ဟီး...ဟင့်..."

ရိပေါ်လက်ကဒဏ်ရာမှတဆင့်ရေပေါ်ကိုလိမ့်ခနဲလိမ့်ခနဲတက်လာသည့်သွေးတွေကြောင့်jaccuziထဲကရေတွေကညစ်ထေးစပြုလာတယ်။တဆက်ဆက်တုန်ရီနေသည့်ခန္ဓာကိုယ်ကိုမျက်ကွယ်ပြုကာရိပေါ်ရေထဲတကိုယ်လုံးမြုပ်သွားအောင်အိပ်ချလိုက်တယ်။အသက်ရှူလိုက်တိုင်းနှခေါင်းထဲတိုးဝင်လာသည့်ရေတွေကိုရိပေါ်ကြည်ကြည်ဖြူဖြူပဲဝင်ရောက်ခွင့်ပြုမိတယ်။

တခါတလေဘယ်သူ့ကိုမှလည်းမချစ်ချင်သလိုဘယ်သူမှချစ်တာလည်းမလိုချင်ဘူး။ဒါပေမဲ့ ကျန့်ကော ကျန့်ကောကိုရိပေါ်သိပ်ချစ်သည်။ကျန့်ကောမုန်းနေရင်တောင်မှဒီကောင်ကမချစ်ပဲမနေနိုင်တာမို့ ကျန့်ကောသာပြန်ချစ်ရင်သူရူးများသွားမလားပဲ။ကျွန်တော့်အချစ်ကရုပ်ရှင်ဆန်ပေမဲ့တခြားသူတွေစိတ်အပန်းဖြေဖို့အတွက်မဟုတ်ပဲကျန့်ကောဆိုတဲ့လူသားရဲ့ပျော်ရွှင်မှုတခုအတွက်နဲ့အနာကျင်ခံပြီးသရုပ်ဆောင်ပါ့မယ်။

အဆင်ပြေလားမေးလာရင်ကျွန်တော့်ရဲ့သရုပ်ဆောင်ချက်ကလုံးဝလုံးဝအဆင်ပြေနေတာမျိုးပေါ့။ကျန့်ကောလုပ်ရပ်တိုင်းကကျွန်တော့်ကိုနာကျင်စေဖို့ရည်ရွယ်ခဲ့ရင်တော့ကျန့်ကောစိတ်ချမ်းသာဖို့ကျွန်တော်နာကျင်ပေးရလိမ့်မယ်။ကျန့်ကောကသေဆိုသေရှင်ဆိုရှင်ကျန့်ကောနှုတ်ထွက်စကားတိုင်းကိုကျွန်တော်အလေးထားနေမိတယ်။

Love Meaning & Its Duty[Complete]Where stories live. Discover now