°9°<Uni>

4.3K 357 12
                                    

UNICODE💫

Love Meaning & Its Duty(9)
••••••••••••••• * •••••••••••••

"အဟွတ်!...ဟွတ်!..."

ညအိပ်ချင်မို့ရှောင်းကျန့်အိပ်ခန်းထဲဝင်လာမိတော့တဟွတ်ဟွတ်ချောင်းဆိုးနေသည့်ရိပေါ်ကစောင်ပုံထဲကွေးကွေးလေး။ကုတင်စွန်းမှာတိုးကပ်အိပ်ရင်းအလယ်မှာဖက်ခေါင်းအုံးကြီးခြားထားပေးသည်ကသူရွံတယ်လို့ပြောပြီးကတည်းက။လက်ထပ်ပြီးတဲ့နေ့ကတည်းကဆိုပါတော့။ရှောင်းကျန့်ရေချိုးခန်းထဲဝင်ကာကိုယ်လက်သန့်စင်ပြီးအိပ်ခန်းမီးမပိတ်ပဲကုတင်ပေါ်လှဲလိုက်တယ်။နေ့လည်ရှူတင်ကပြန်လာကတည်းကသူ့ကိုရှောင်နေသည့်ရိပေါ်ကခုလည်းတချက်လှည့်မကြည့်။တဟွတ်ဟွတ်ချောင်းဆိုးနေသည့်ရိပေါ်ကြောင့်ရှောင်းကျန့်စိုးရိမ်လာတာနဲ့ပါးစပ်ထဲရှိရာထုတ်ပြောလိုက်မိတယ်။

"နေမကောင်းရင်လဲဆေးလေးဘာလေးသောက်ပါလား...မင်းဒီလောက်ချောင်းဆိုးနေတာ ငါဘယ်လိုလုပ်အိပ်ရမှာလဲ..."

သူ့အပြောကြောင့်ချက်ချင်းငုပ်တုပ်ထထိုင်သည့်ရိပေါ်။နေမကောင်းလို့လားမသိအနည်းငယ်ညှို့မှိုင်းနေတဲ့မျက်နှာလေးနဲ့အသံဖျော့ဖျော့လေး။

"တောင်းပန်ပါတယ်ကျန့်ကော...ကျန့်ကောအိပ်ပေ​ျာ်အောင်အိပ်ပါ...ကျွန်တော်အပြင်ထွက်နေပေးမယ်..."

"အယ်...ငါပြောတာက...ကျစ်..."

စကားဆုံးအောင်နားမထောင်လသာဆောင်ဘက်တရွေ့ရွေ့ထွက်သွားသည့်ကျောပြင်လေး။ရှောင်းကျန့်စုပ်တချက်သပ်ကာဆံပင်တွေထိုးဖွလိုက်မိတယ်။နေ့လည်ကကိစ္စမှာသူလွန်မှန်းသိပေမဲ့မှားရင်တောင်ပြန်မတောင်းပန်တတ်တာရှောင်းကျန့်အကျင့်ပင်။ဝမ်ပါးရှေ့မှာဆိုအမြဲတမ်းသူ့အပြစ်တွေလိုက်ဖုံးပေးနေသည့်ရိပေါ်ကိုမလိုဘူးလို့တောင်သူအော်ငေါက်ခဲ့ဖူးသည်။ရှောင်းကျန့်အိပ်နေရာမှထကာလသာဆောင်ဘက်လှမ်းကြည့်မိတယ်။ချောင်းဆိုးသံမကြားရတော့ပေမဲ့တလှုပ်လှုပ်ပုခုံးလေးနှစ်ဖက်ကနိမ့်ချည်မြင့်ချည်အဆက်မပြတ်။ညလေအေးတိုက်နေသည့်မို့လက်ပိုက်ရက် ရပ်နေသည့်ရိပေါ်ကအေးလို့ထင်ပါ့လက်မောင်းတွေကိုပွတ်သပ်နေတယ်။ဝတ်ထားသည့်ဆွယ်တာအနွေးထည်လေးကခပ်ပါးပါးမို့ရှောင်းကျန့်မျက်မှောင်ကျုံ့လိုက်မိတယ်။

Love Meaning & Its Duty[Complete]Where stories live. Discover now