°7°<Uni>

4.1K 354 12
                                    

UNICODE💫

Love Meaning & Its Duty(7)
••••••••••••••• * ••••••••••••••

"ရိပေါ်အဆင်ပြေရဲ့လား..."

"အွန်း..."

ကယ်ဗင်ခြံထဲကဒန်းမှာမှိုင်မှိုင်တွေတွေထိုင်နေသည့်ရိပေါ်အနားလျှောက်သွားရင်းမေးမိတော့တချက်သာလှည့်ကြည့်လာသည့်ရိပေါ်ကအဝေးတနေရာကိုငေးမြဲတိုင်းဆက်ငေးတယ်။

"ရှောင်းကျန့်သိလား..."

"ဟအင်း!..."

"ပြောပြဖို့အစီအစဥ်ရှိလား..."

"အဟက်...ကျွန်တော်ပြောတော့ကောကျန့်ကောကကျွန်တော့်ကိုပြန်ချစ်လာနိုင်မှာမှမဟုတ်တာ...ရောဂါသည်ဆိုပြီးပိုတောင်ရွံရှာသွားဦးမယ်..."

"မဟုတ်သေးဘူးရိပေါ်...မင်းတစ်ယောက်တည်းကြိတ်မှိတ်ခံစားနေရမှာငါမကြည့်ရက်ဘူး...မင်းပါးကမင်းစိတ်ချမ်းသာဖို့အတွက်ရှောင်းကျန့်နဲ့လက်ထပ်ထားပေးတာ မင်းဒီလိုတွေခံစားနေရတာသိရင်မင်းပါးဘယ်လိုနေမလဲ...ဟမ်!...နောက်လည်းကွာရှင်းမဲ့တူတူမင်းအများကြီးမခံစားရခင် လွှတ်ပေးလိုက်သင့်တယ်..."

"ဟား...ဟား...ဟား...လွှတ်ပေးရမယ်...ဟား...ဟား...ရယ်ရတယ်ကယ်ဗင်ရယ်..."

"ရိပေါ်!!!..."

သူ့စကားကြောင့်ဘာကိုရယ်စရာလို့ထင်မြင်သလဲမသိတဟားဟားထရယ်သည့်ရိပေါ်ကြောင့်ကယ်ဗင်မှာကြောင်အသွားရတယ်။

"လွှတ်ပေးရအောင် ကျွန်တော်ကကျန့်ကောကိုချုပ်နှောင်ထားတာမှမဟုတ်တာ...ချက်ချင်းကြီးကွာရှင်းပေးဖို့ကျတော့လည်းမဖြစ်ပြန်ဘူး...အဲ့လိုဆို ခုလက်ရှိကျန့်ကောမားဆေးရုံစရိပ်တွေကျန့်ကောအတွက်ထောက်ပံ့ကြေးတွေ အဲ့ဒါတွေအားလုံးပါးကပြန်ရုတ်သိမ်းလိမ့်မယ်...ကျန့်ကောအခက်တွေ့မှာကျွန်တော်မလိုလားဘူး...ကျွန် ကျွန်တော်လည်းအရမ်းနာကျင်တယ်ကယ်ဗင်...အင့်!..."

ဆွေးဆွေးမြေ့မြေ့ပြောပြီးခေါင်းငိုက်စိုက်ချကာအင့်ခနဲငိုချလိုက်သည့်ရိပေါ်ကိုကယ်ဗင်ဘယ်လိုနှစ်သိမ့်ပေးရမည်နည်း။အဆင်​ပြေသွားမှာပါလို့ပြောရအောင်လည်းအ​ခြေနေတွေကကောင်းလာနိုင်စရာမရှိတာမို့ထိုနှစ်သိမ့်စကားကမုသားသက်သက်ဖြစ်နေဦးမည်။တသိမ့်သိမ့်တုန်နေသည့်ကျောပြင်လေးကိုပွတ်သပ်ပေးတော့ရင်ခွင်ထဲခေါင်းတိုးဝှက်လာကာရှိုက်ကြီးတငင်ငိုလာသည့်ကောင်လေးကအတော်ဝမ်းနည်းနေမှန်းသိသာသည်။သူ့အပေါ်အကိုတစ်ယောက်လိုသဘောထားသည့်ကောင်လေးကိုမညစ်ညမ်းပေမဲ့လို့အရောင်ဆိုးမိသည့်သူ့စိတ်ကကိုယ်နွေးနွေးလေးကိုပွေ့ဖက်ပေးခြင်းဖြင့်အခွင့်ကောင်းယူမိသည်။

Love Meaning & Its Duty[Complete]Where stories live. Discover now