Final<Uni>

9.6K 439 61
                                    

◀Unicode▶

Love Meaning &Its Duty
•••••••••••••• * •••••••••••••

အဖြူရောင်စက္ကူဖာလေးထဲကထုတ်ယူမိသည့်ပေါ်တိလက်ဆွဲတော်cameraလေးနဲ့အတူအရေအတွက်မနည်းသည့်ဓာတ်ပုံထပ်ကြီးကိုကြည့်ရင်းရှောင်းကျန့်အံကြိတ်ကာငိုမိတယ်။ပန်းခြံထဲပန်းချီဆွဲနေသည့်သူ့ကိုရှုထောင့်အမျိုးမျိုးကပုံဖော်နေသည့်ဓာတ်ပုံဆရာလေးကနေ့စဥ်ရက်စက်တာဝန်မပျက်ကွပ်ခဲ့ပုံပဲ။ဓာတ်ပုံတိုင်းသူ့ပုံရိပ်တွေ သူ့လှုပ်ရှားမှုတခုချင်းစီအမိအရရိုက်ယူထားသည့်ပေါ်တိကဘယ်လောက်တောင်အဆွဲအလမ်းကြီးတဲ့ကောင်လေးလည်း။

စက္ကူဖာလေးကိုအံဆွဲထဲပြန်ထည့်သိမ်းပြီးရေချိုးခန်းထဲဝင်လာလိုက်တယ်။ပေါ်တိသုံးနေကျလာဗင်ဒါရနံ့ဆပ်ပြာဆီနဲ့ရေမိုးချိုးပြီးကျန့်ကောကိုစတွေ့တုန်းကဝတ်ထားတဲ့ရှပ်အပြာရောင်လေးဝတ်လာနော်ဆိုသည့်ပေါ်တိစကားကြောင့်အဝတ်ဗီရိုထဲမိနစ်အနည်းငယ်လောက်မွှေနှောက်လိုက်ရတယ်။အကုန်ပြင်ဆင်လို့ပြီးကာမှဆေးရုံပြန်သွားဖို့အောက်ထပ်ဆင်းလာလိုက်တော့တယ်။ဆေးရုံမရောက်ခင်ရှောင်းကျန့်အရင်ဆုံးဝင်မိတာကမြို့ထဲကပန်းဆိုင်လေး။

အရောင်အသွေးစုံလှတဲ့ပန်းတွေကိုခတ္တလျှောက်ကြည့်ရင်းတနေရာအရောက်ရှောင်းကျန့်လက်ကအစိမ်းရောင်carnationပန်းတွေစီအလိုလိုရောက်သွားတယ်။ပေါ်တိကအစိမ်းရောင်သိပ်ကြိုက်တာ။

"အကို...carnationလိုချင်လို့လားရှင့်..."

အစိမ်းရောင်carnationပန်းကိုကိုင်ကြည့်ရင်းခပ်ရေးရေးပြုံးနေသည့်ရှောင်းကျန့်အနားလျှောက်လာသည့်အရောင်ဝန်ထမ်းမလေးတစ်ယောက်။

"အင်း...အကို့ကိုတစ်စည်းလောက်ထုတ်ပေးညီမ..."

"ဟုတ် အကို...ခဏစောင့်ပေးပါနော်..."

ကလင်!

ဆိုင်တံခါးရွက်ကချူသံလေးမြည်အောင်တွန်းဖွင့်လိုက်ရင်းလက်ထဲကပန်းစည်းလေးကိုသဘောတကျကြည့်မိသည့်ရှောင်းကျန့်။သူပေးရင်ပေါ်တိအရမ်းသဘောကျမှာပဲ။

______________💕_______________

"ပေါ်တိ...ကောပြန်လာပြီ..."

Love Meaning & Its Duty[Complete]Where stories live. Discover now