°11°<Uni>

4.4K 387 14
                                    

UNICODE💫

Love Meaning & Its Duty(11)
••••••••••••••••• * ••••••••••••

ကုတင်တဖက်မှာထိုင်ကာဖုန်းပွတ်နေသည့်ကျန့်ကောကဘာတခုမှမသိသေးတာလားပဲ။

မဟုတ်ရင်သူနဲ့သတင်းထွက်တာတွေ့တာနဲ့သောင်းကျန်းမှာပဲလေ။

တိုက်ရိုက်ကြီးလည်းသွားမမေးရဲ။ဘာပဲဖြစ်ဖြစ်ကျန့်ကောအဆင်ပြေနေရင်ပြီးတာပါပဲလေ။

ရိပေါ်ရှောင်းကျန့်ကိုအရိပ်တကြည့်ကြည့် ကြည့်နေရာမှစားပွဲပေါ်က calendarလေးလှမ်းယူလိုက်တယ်။

တစ်နှစ်ဆိုတဲ့ကျန့်ကောနဲ့သူ့ရဲ့အိမ်ထောင်သက်ကခုဆိုအဆုံးသတ်ဖို့လပိုင်းလောက်သာလိုတော့သည်။ရက်တရက်ကိုဖောင်တိန်လေးနဲ့ကြက်ခြေခတ်လိုက်တိုင်းရိပေါ်ရင်ဘတ်ကတဆစ်ဆစ်နဲ့အသက်ရှူပင်မဝ။

ဆွဲထားလို့မရနိုင်သူကိုလွှတ်ပေးလိုက်တာပဲကောင်းပါတယ်လေ။ကျန့်ကောစိတ်ချမ်းသာမှုကသူ့အသက်နဲ့အလဲအထပ်ဖြစ်နေရင်တောင်ရိပေါ်တွန့်ဆုတ်နေမှာမဟုတ်ဘူး။

"ဟင့်!..."

ရှောင်းကျန့်ဖုန်းပွတ်နေရင်းကုတင်တဖက်ကငိုရှိုက်သံကြောင့်ကြည့်မိတော့မွေ့ယာပေါ်မှောက်ခုံအိပ်နေသည့်ရိပေါ်ကမျက်နှာကိုခေါင်းအုံးထက်ဝှက်လို့။တလှုပ်လှုပ်ပုခုံးနှစ်ဖက်ကငိုနေတာမှန်းသိသာစေတယ်။

မနက်ကဟိုးလေတကျော်ကျော်ပလူပျံနေသည့်သတင်းကိုသူလည်းဖတ်မိပါသည်။ဘာကြောင့်ရယ်မှန်းမသိပိုလို့တောင်ကျေနပ်မိပါသေးတယ်။ကိုယ့်ယောက်ျားကိုကိုယ်နမ်းတာဘာမဟုတ်တာမှတ်လို့။

"ဝမ်ရိပေါ်...မင်းတခုခုဖြစ်နေတာလား..."

ခပ်ပြတ်ပြတ်မေးမိတော့ခေါင်းစောင်းကြည့်လာသည့်ရိပေါ်ကမျက်လုံးတွေနီဆွေးလို့။တဆက်ဆက်တုန်ရီနေသည့်မထူမပါးနှုတ်ခမ်းလေးကသူ့ကိုကြည့်ရင်းတခုခုပြောဖို့အားယူနေဟန်။

"ဟင့်!...ကျန့်ကော ကျွန်တော့်ကိုအရမ်းမုန်းတာပဲလား..."

မျှော်လင့်တကြီးမေးနေသည့်ကောင်လေးကိုရှောင်းကျန့်မုန်းနေသေးလားမသေချာ။

Love Meaning & Its Duty[Complete]Where stories live. Discover now