°19°<Uni>

3.9K 339 19
                                    

_________
Unicode
_________

Love Meaning & Its Duty(19)
••••••••••••••• * •••••••••••••

အလင်းတစွန်းတစပင်မရှိသည့်အနက်ရှိုင်းဆုံးအမှောင်ကမ္ဘာ။ရှောင်းကျန့်ခြေချမိသည်ကနှစ်ပတ်နီးနီးရှိပြီ။လွတ်မြောက်ချင်တယ်။ပေါ်တိကိုရောအရာအားလုံးကိုအရင်လိုပြန်မြင်ချင်တယ်။ခံပြင်းလွန်းပေမဲ့ရိပေါ်ကိုစိတ်မဆင်းရဲစေချင်တာကြောင့်ရှောင်းကျန့်စိတ်ရှိတိုင်းမပေါက်ကဲွဲဖြစ်။အရမ်းခံရခက်တယ်။အမှောင်ထဲတစ်ယောက်တည်းလမ်းလျှောက်နေရတဲ့ခံစားချက်က။

အနားမှာအမြဲအဖော်ပြုပေးနေတဲ့ပေါ်တိအသံ ပေါ်တိအထိတွေ့ကလဲွဲပြီးရှောင်းကျန့်မှာနေသာနေလား မိုးချုပ်နေပြီလားကိုယ်တိုင်မသိရှိနိုင်သည့်အဖြစ်။ပေါ်တိလက်ကိုတဲွဲပြီးနေရာစုံလျှောက်သွားပလိုက်ချင်တာ။ပန်းချီတွေလည်းဆွဲမယ်။ပေါ်တိတွက်ပန်ကိတ်လည်းလုပ်ပေးချင်သေးတယ်။ပေါ်တိအပြုံးတွေလည်းမြင်ချင်တယ်။ပေါ်တိနှုတ်ခမ်းလေးကိုတစိုက်မတ်မတ်ကြည့်ပြီးနမ်းချင်သေးတာ။ခုတော့ဒီဒုက္ခိတကြီးကဘာမှမစွမ်းဆောင်နိုင်တဲ့လူပိုတစ်ယောက်လို။

"အားးး!!!!!..."

ဒုန်း!💢 ခွမ်း!💢

ရှောင်းကျန့်မခံစားနိုင်စွာပေါက်ကွဲလိုက်သည့်အဆုံးကုတင်နဘေးစားပွဲပေါ်ကပစ္စည်းတွေအကုန်ဆေးရုံကြမ်းပြင်ပေါ်ပြန့်ကျဲကုန်တယ်။ဘာမှမမြင်နိုင်သည့်မျက်လုံးနှစ်ဖက်ကိုအုပ်ကိုင်ရင်းမျက်ရည်ကြည်တွေစီးဆင်းစေတော့တဆစ်ဆစ်အောင့်တက်လာတယ်။နင့်နင့်နဲနဲငိုကြွေးရင်းပေါ်တိပြန်မလာခင်ခံစားရသမျှကိုဖွင့်ထုတ်မိတယ်။

"...*sob*...ဘာလို့ ဘာလို့လဲကွာ..."

ဆေးရုံကုတင်ထက်ကကျန့်ကောကိုကြည့်ရင်းရိပေါ်ဘယ်ဘက်ရင်အုံလေးကိုဖိနှိပ်ကာတံခါးအကွယ်မှာမှီရပ်နေမိတယ်။လက်ထဲကကျန့်ကောအတွက်နေ့လည်စာထမင်းဗူးလေးကိုဆွဲထားရင်းအသံမထွက်မိအောင်လက်ခုံကိုဖိကိုက်ထားမိတယ်။ကျန့်ကောကိုသူကာကွယ်မပေးနိုင်ခဲ့ဘူး။သူ့ပယောဂကြောင့်ကျန့်ကောဒီလိုအဖြစ်မျိုးရောက်ရတာ။အားလုံးသူ့ကြောင့်။

Love Meaning & Its Duty[Complete]Where stories live. Discover now