°6°<Uni>

4K 359 9
                                    

UNICODE💫

Love Meaning & Its Duty(6)
•••••••••••••••• * •••••••••••••

"အား...ခေါင်းကဘာလို့ခုထိမူးနောက်နေရတာလဲကွာ...ကျစ်!..."

"ကျန့်ကော...ခေါင်းကိုင်နေတာလား...အင့် ဒါလေးသောက်လိုက်နော်..."

ရှောင်းကျန့်ခေါင်းကိုဖိနှိပ်ကာညည်းညူနေတုန်းမျက်စိရှေ့ရောက်လာသည့်ဖျော်ရည်ခွက်လေး။သူ့အတိုင်းဆိုဝမ်ရိပေါ်လက်ထဲကဖန်ခွက်ကိုချက်ချင်းရိုက်ချမိလိုက်မှာဖြစ်ပေမဲ့ခုချိန်မှာတကယ်လိုအပ်နေလို့သာ။

"မင်းဖျော်လာတာလား..."

"မဟုတ်ပါဘူးကျန့်ကောရဲ့...အိမ်ဖော်မလေးကိုဖျော်ခိုင်းထားတာ စိတ်သန့်သန့်နဲ့သောက်နော်..."

"စားပွဲပေါ်တင်ထားလိုက်..."

ရိပေါ်ကုတင်နဘေးကစားပွဲပေါ်ဖျော်ရည်ခွက်လေးချပေးလိုက်တော့မှယူသောက်သည့်ကျန့်ကောကိုကြည့်ပြီးပြုံးလိုက်မိတယ်။တကယ်ပါ ကျွန်တော့်ရဲ့ကျန့်ကောကအရမ်းရွံတတ်တာ။

"အင့်..."

"ဒါဘာလဲ..."

"ကျန့်ကောရဲ့လွတ်လပ်ခွင့်စာချုပ်..."

ဖျော်ရည်သောက်နေတုန်းစာရွက်တရွက်ကမ်းပေးလာသည်မို့ရှောင်းကျန့်ယူကြည့်လိုက်မိတယ်။

"စာချုပ်ထဲကအတိုင်းမင်း ငါ့ကိုတကယ်ကွာရှင်းပေးမှာလား..."

"အွန်း...အဲ့ထဲကလိုပဲ ကျွန်တော်တို့လက်ထပ်ပြီးတစ်နှစ်ပြည့်ရင်ကျန့်ကောကိုကျွန်တော်ကြိမ်းသေကွာရှင်းပေးမယ်..."

"အဟက်...ကြိုက်တယ် မင်းကတစ်နှစ်ဆိုတဲ့အချိန်အတွင်းငါ့ကိုငြီးငွေ့သွားမှာပါ...မင်းအတွက်ယောက်ျားမရှားပါဘူး...ဟုတ်တယ်မလားဝမ်ရိပေါ်..."

ကျန့်ကောစကားကြောင့်ကျင်ခနဲဖြစ်သွားသည့်ရိပေါ်ဝဲဘက်ရင်အုံ။ပြောရက်လိုက်တာကျန့်ကောရယ်။ဒီနေ့ဒီအချိန်ထိကျွန်တော်ချစ်ခဲ့ဖူးတာဆိုလို့ကျန့်ကောတစ်ယောက်တည်းရှိတာပါ။နောင်လည်းကျန့်ကောကိုပဲဆက်ချစ်သွားမှာ။အဆုံးထိဆိုတဲ့စကားကိုခများတို့ဘယ်လိုနားလည်သလဲမသိပေမဲ့ကျွန်တော့်အတွက်တော့ဟိုးအဆုံးဆိုမှနောက်ဆုံးအချိန်ကျော်လွန်သည်အထိပေါ့။ရိပေါ်ကုတင်နဘေးရပ်ရင်းလက်သီးလေးစုပ်ထားမိတယ်။ကြားပါများပေမဲ့အမှတ်မရှိသည့်မျက်ရည်တွေကခွင့်ပြုချက်မရဘဲလိမ့်ဆင်းလာတယ်။

Love Meaning & Its Duty[Complete]Where stories live. Discover now