🍃Part-16🍃

2.4K 247 9
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မနက်စောစောမှာ ချစ်ရတဲ့သူနဲ့အတူ
နိုးထခွင့်ရတဲ့ မနက်ခင်းလေးက
အချိုမြိန်ဆုံးအချိန်လေးဖြစ်မယ်ထင်ပါရဲ့..။

ငှက်လေးတွေကလဲ တစာစာ အော်မည်ကာ
နိုးထပါတော့ဟု ဆိုနေသယောင်..။
ငှက်လေးတွေရဲ့ အော်မည်သံကြောင့်Jung kook နိုးလာသည်...။

နိုးနိုးချင်းရင်ခွင်ထဲမှာ အိပ်မောကျနေဆဲ ချစ်ရသူလေးကိုတငေးတမောကြည့်နေမိသည်...။
အရင်အတိုင်း သူမြတ်နိုးလွန်းရတဲ့
နှာခေါင်းထိပ်ကမှဲ့လေး...ချစ်ဖို့ကောင်းတဲ့
နှုတ်ခမ်းလေးအရာရာတိုင်းက လှပဆဲပင်...။

အသဲယားလွန်းစရာကောင်းလှတဲ့
သူ့ချစ်သူလေးကိုမနေနိုင်စွာပဲ  အနမ်းခြွေမိပြန်ပါပြီ...။

မနေ့ညကJung kook ပြန်မည်အလုပ်
Jung kook ကလဲမပြန်ချင်သေးတဲ့ပုံနှင့်
Taeကလဲ မပြန်စေချင်တာမို့
Tae လေးမိဘတွေကို Jung kook ကို
သူတို့အိမ်မှာသာ အိပ်စေလိုက်သည်...။

ကလေးလေးကတော့ ရင်ခွင်ထဲမှ
တစ်လှုပ်လှုပ်လေးနှင့်နိုးလာသည်ထင်ရဲ့..။

"Morning Tae"

"အင်း..."

အိပ်ချင်မူးတူးလေးနဲ့ ပြန်ဖြေကာ
ရင်ခွင်ထဲကိုအတင်းတိုးဝင်လာတဲ့ Tae လေးရယ်ပါ...။ Jung kook လဲ ပြန်လည်ကာ
ဖက်ထားပီး ဆံပင်လေးကို ဖွဖွလေး
သပ်ပေးနေသည်...။

မနက်ခင်းတိုင်း ချစ်ရတဲ့ကလေးနဲ့
အတူနိုးထခွင့်ရမယ်ဆိုရင် အချိန်တိုင်းကို
မနက်ခင်းလေးဖြစ်ခွင့်ပေးပါတော့လား...။

"ထတော့ ကလေးလေးရဲ့..."

"Jeon ရဲ့ရင်ခွင်ထဲနေချင်သေးလို့"

လူကချစ်ဖို့ကောင်းရုံမဟုတ် စကားတွေနဲ့ပါ
ခြွေတတ်သေးတာ...။

လက်သွယ်သွယ်လေးတွေကလဲ
Jung kook မျက်နှာလေးကို စမ်းကာ
ပါးလေးကို ကိုင်ထားသေးတဲ့ ကလေးလေးပါပင်..။

အူယားလွန်းလို့Tae ရဲ့ပါးလေးကိုခပ်ဖွဖွကိုက်မိသည်...။

"Jeon မကိုက်နဲ့လေ.."

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now