🍃part-5🍃

3.2K 317 4
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒီနေ့ Jung kook တစ်ယောက်
အလွန်မှ စိတ်ညစ်နေမိသည်။

အကြောင်းကတော့ jung kook
တို့က မျိုးရိုးမြင့်ပြီး Top 10
စာရင်းဝင် သူဋ္ဌေး ဖြစ်တာကြောင့်
သူဋ္ဌေးရဲ့တစ်ဦးတည်းသောသား
ဖြစ်တဲ့ Jung kook ကအမွေဆက်ခံရမည်။

သို့ပေမယ့် အမွေ မဆက်ခံခင်
Jung kook အား အိမ်ထောင်ချပေးမယ်လို့
ဆိုလာလေသည်။

Jung kook လက်မခံနိုင်ဘူး
ငြင်းပါသော်လည်း Appa ရော
Omma ရောကပါ တိုက်တွန်းနေလေသည်။

အရင်ကတည်းက သူ့အား
နွေးနွေးထွေးထွေး ဂရုမစိုက်
သူ့ဆန္ဒအား အရေးမပေး သည့်
မိဘနှစ်ပါးက ခုလဲ သူ့ဆန္ဒမပါဘဲ
စီစဉ်နေကြပြန်ပါသည်။

သူငြင်းပေမယ့် ငြင်းလို့ရမှာ
မဟုတ်မှန်း အတပ်သိပါရဲ့ ။

ဒီနေ့ညနေမှာ တစ်ဖက်က
မိန်းကလေးနှင့် သွားတွေ့ရမယ်ဆိုတဲ့
Appa ရဲ့ တစ်ချက်လွတ် အမိန့်ကြောင့်
သူတကယ်ပဲ စိတ်ဆင်းရဲပါဘိ။

ချစ်သူရှိရင်တောင် မှ ဖြတ်ပြီး
ဒီ Nabi ဆိုတဲ့ ကောင်မလေးနှင့်သာ
လက်ထပ်ရမည်တဲ့လေ။

အရမ်းတရားကြပါပေတယ်။
တစ်ဘဝလုံး မေတ္တာလုံလုံလောက်လောက်
မပေးဘဲ လိုချင်တာ ဖြည့်ဆည်းပေးတာနဲ့
ပြည့်စုံနေကြပြီ ထင်ခဲ့တဲ့ သူတို့..။

တစ်ခါလောက်မေးလိုက်ချင်မိသည်။
ပိုက်ဆံအလုံအလောက်ထောက်ပံ့
ပေးတာနဲ့ပဲ မိဘ ဝတ္တရားကျေပြီထင်နေလားလို့။

ဒီနေ့ကျောင်းသွားဖို့လဲ
စိတ်မပါသလို ဘယ်ကိုမှလဲမသွားချင်တာမို့
Driver ကို ကားထားခဲ့ခိုင်းပြီး
ကားထဲ၌သာ အတွေးနယ်ချဲ့မိတော့သည်။

စိတ်ညစ်လွန်းလို့ ပါလာတဲ့ စီးကရက်လေးကို
နှုတ်ခမ်းမှာတေ့ကာ မီးညှိလိုက်သည်။

ထိုချိန်မှာပဲ ကားတံခါးခေါက်သံကြောင့်
လှည့်ကြည့်မိတော့ Tae လေး။

အလျင်အမြန်ပဲ မှန်ချလိုက်တော့

"Hyung တံခါးဖွင့်ပေး"

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now