Zawgyi
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီနေ့ကTaeလေးခွဲစိတ်ခန်းဝင်မယ့်နေ့မလို့
အကုန်လုံးဆေးရုံသွားရန်ပြင်ဆင်နေသည်...။
Tae Omma ကလဲTae လေးကို
မကြောက်ရန်တစ်တွတ်တွတ်ပြောနေသည်..။
Jimin နဲ့ Yoongi ကလဲ လိုက်မှာမလို့
Tae တို့အိမ်မှာစုနေလေသည်...။
Namjoon ကလဲJung kook စိတ်လှုပ်ရှားပြီးကားမမောင်းနိုင်မှာစိုးလို့
သူမောင်းပေးမယ်လို့ဆိုကာ Tae တို့အိမ်ရောက်နေသည်....။"Tae ဘာမှမကြောက်နဲ့နော် ကိုယ်ရှိတယ်
ဟုတ်ပြီလား""ဟုတ်...Jeon ကိုသာပြန်မြင်နိုင်မယ်ဆိုရင်
Tae မကြောက်ပါဘူး""အင်းပါ ကလေးရယ် အကုန်လုံးကိုမြင်ရမှာပါ"
အကုန်လုံးမဖုံးမဖိနိုင်လောက်အောင်ကို
အပြုံးတွေဝေဆာနေသည်....။"Taeပြန်မြင်ရရင် Min တို့အရင်လို
ပျော်ပျော်ပါးပါးလျှောက်လည်ကြမယ်...""အင်း Minလျှောက်လည်ကြတာပေါ့
ငါ့ကိုဖက်ထားပေးပါဦး..."MinလေးကလဲTaeအလိုအတိုင်း
လက်သေးသေးလေးတွေနဲ့Tae ကိုဖက်ထားသည်...။"Jiminie ငါဝမ်းနည်းတိုင်း
ငါဒုက္ခရောက်တိုင်း ငါ့ဘေးမှာအမြဲရှိနေပေးခဲ့လို့
ကျေးဇူးတင်ပါတယ်...Minလေးသာ
ငါ့အနားမရှိခဲ့ရင်ခုချိန်ထိ အသက်တောင်
ရှင်နေပါဦးမလားမသိဘူး ဘဝကြီးကို လွယ်လွယ်အရှုံးပေးခဲ့မိမှာ ငါခံစားခဲ့ရတာတွေမှ
မနည်းပဲ...ငါ့အတွက်တော့ တစ်ဦးတည်းသော
အချစ်ဆုံးသူငယ်ချင်းပါ ရှေ့ဆက်ပြီးလဲ
ငါ့ဘေးနားဆက်ရှိပေးပါ""ငါအမြဲတမ်းမင်းဘေးနားရှိနေပေးမှာပါ
Tae ရယ်ငါဘယ်မှမထွက်သွားဘူး
ဟုတ်ပြီလား ငါ့အတွက်လဲ Kim Tae Hyung
ဆိုတဲ့လူသားလေးက တစ်ဦးတည်းသော
အချစ်ဆုံးသူငယ်ချင်းပါ"အကုန်လုံးပင်အားကျရလောက်အောင်
ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ကို
ကြည့်ရင်းမျက်ရည်ပါဝဲမိသည်...။
သူတို့လောက်ချစ်ကြတဲ့ သူငယ်ချင်းတွေ
ရှိပါဦးမလား...။"ကဲ သွားကြတော့မလား"
"Nae Omma "
"အသင့်ဖြစ်ပြီလားသား"
YOU ARE READING
သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed)
FanfictionTaekook Fanficလေးပါနော်.. စိတ်ကူးလေးပေါက်လာလို့😘😘 Taekook Fanficလေးပါနော်.. စိတ်ကူးလေးပေါက်လာလို့😘😘