🍃Part-8🍃

2.5K 257 8
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ကားမောင်းနေတဲ့ Jung kook က Tae ဖုန်းလေးကိုအထပ်ထပ်ခေါ်နေပေမယ့် ဖြေဆိုသူမရှိ....။

ပဲ့တင်သံတောင်ပြန်ကြားရလောက်အောင် အသက်ပြင်းပြင်းရူနေတဲ့
Jung kook ဆီမှာ လူပါသတ်နိုင်လောက်တဲ့
အငွေ့အသက်တွေ အပြည့်နဲ့ပင်...။

ထိုချိန် Jung kookထံဝင်လာတဲ့
ဖုန်းcall လေး..... Tae ထင်ပြီးဝမ်းသာအားရ
ကိုင်မယ်လုပ်ကာမှ Appa ဖြစ်နေသည်..။
တစ်ချက်သာကြည့်ပြီး ကားကိုသာအရှိန်ပြင်းစွာ
မှောင်းနင်နေတယ်..။

ခုချိန်Tae ထက်အရေးကြီးတာမရှိပေ..။
အထပ်ထပ်မြည်နေတဲ့ ဖုန်းလေးကို
Jung kook မကိုင်ပေ...။
နောက်ဆုံးမှာတော့ jung kook
ထိုဖုန်းလေးအားကိုင်လိုက်ပါသည်။

"မင်းကောင် ဘယ်မှာရှိလဲသိလို့ မင်းကသွားနေတာလား
အခုပြန်လာရင်ကောင်းမယ် Jung kook
မင်းကောင်ကို တစ်ခုခုမဖြစ်စေချင်ရင်ပေါ့.."

ချက်ချင်းဘရိတ်အုပ်ကာ ကားကိုရပ်မိသည်ထိ
အံ့သြမိသည်...။Museok နဲ့ Appa နဲ့ ပေါင်းကြံတာတဲ့လား...။

"အားးးးး ဘာလို့လဲ ကျွန်တော့်အပေါ် ဘာလို့ဒီလိုလုပ်ရတာလဲ အားးးးး
Tae ဘယ်မှာလဲ... Tae ကိုပြန်ပေး..."

"မင်းကောင်ဘာမှမဖြစ်စေချင်ရင်
ခုချက်ချင်းပြန်လာခဲ့...သူ့အသက်က ငါ့လက်ထဲမှာနော် jung kook"

"ခင်များက ကျွန်တော့်အဖေမဟုတ်ဘူး
အတ္တတွေနဲ့ဖုံးလွှမ်းနေတဲ့ မကောင်းဆိုးဝါးပဲ"

စီးဆင်းနေတဲ့ မျက်ရည်ပူတွေကို မဖယ်ရှားမိ
လွတ်လွတ်လပ်လပ် ငိုပါရစေ...
တင်းကြပ်ထားတဲ့ နှလုံးသားက မွှန်းကြပ်လွန်းနေပြီ...။

"မိနစ်၂၀ အတွင်းအိမ်ပြန်ခဲ့... မရောက်လာရင် မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်"

"အားးးးး"

ကားပြင်ထွက်ပြီး ဖုန်းကိုတင်းတင်းဆုတ်ကိုင်လျက်
မျက်ရည်တွေစီးကျကာ မြေပေါ်သို့ဒူးထောက်လျက်သား ..။

"အားးး ဘာလို့လဲ ကျွန်တော့်ကိုမှ ဘာလို့ရက်စက်ကြတာလဲ"

ခဏမျှ မျက်ရည်တို့အားစီးဆင်းခွင့်ပေးပြီး
ဒူးထောက်ကာငိုနေရာမှ
ချက်ချင်းပဲ အမူအရာပြောင်းကာ သွေးဆာနေသော သားရဲတစ်ကောင်ကဲ့သို့
စူးရှတဲ့ မျက်လုံးတွေနဲ့အတူ ထကာ ကားကို
ပိုလို့အရှိန်တင်ကာ အိမ်သို့မောင်းနှင်လာလေသည်..။

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now