🍃part-6🍃

2.9K 298 1
                                    

Zawgyi


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

လက်သွယ်သွယ်လေးတွေက
မီးခိုးရောင် စာအုပ်ဖုံးထက်
ပြေးလွှားနေလေရဲ့..... ။

စာကြည့်စားပွဲထက်ဝယ်
Diary စာအုပ်လေးကို ဖွင့်ကာ
စာရေးနေဟန်တူသည့်
ကောင်လေးတစ်ယောက်..... ။

မျက်နှာထက်လဲ
အပြုံးတစ်ချို့ဝေဆာလျက်ပေါ့.... ။

ခုဆိုရင် သူ့ Diary စာအုပ်လေးထဲမှာ
သူ့ရဲ့အကြောင်းတွေအပြင်
တစ်ပါးသူရဲ့ အကြောင်းလေးတွေပါ
တစ်စွန်းတစ်စ ပါလာချေပြီ...။

✒ ကျွန်တော့်နှလုံးသားလေးရဲ့
အမြတ်နိုးရဆုံးသောလူသားကို
ကျွန်တော်တွေ့ပြီထင်ပါရဲ့....။

သူနဲ့အတူရှိနေရင်
ဘယ်အရာကိုမှ မကြောက်တော့ဘူး...
လုံခြုံတယ် နွေးထွေးတယ်.....

ရင်ခုန်ခြင်းတစ်ချို့ဘယ်ချိန်ကနေ
စတင်ခဲ့လဲကျွန်တော်မသိဘူး.... ။

ယောကျာ်းလေးနှစ်ယောက်မို့
မဖြစ်သင့်မှန်း သိလျက်နဲ့တောင်
ကျွန်တော့်နှလုံးသားကို ထိန်းမရခဲ့ဘူး... ။

အရာရာထက်ကို ပိုမြတ်နိုးမိပါတယ် Jeon. ✒

ဟုတ်တာပေါ့ Jeon ဆိုတာ
သူပေးထားတဲ့ အမည်နာမတစ်ခု
သူ့ hyung အပေါ် အချစ်တွေ
အပြည့်အဝ ပါဝင်တဲ့ အခေါ်အဝေါ်လေးတစ်ခု..။

✒ ကျွန်တော် Jeon ကို ချစ်တယ်...
ချစ်တာထက်ကို ပိုပြီး မြတ်နိုးတယ်....။
အပြုအမူသေးသေးလေးကစလို့ပေါ့.
Jeon ရဲ့ လှုပ်ရှားမှုတိုင်းကိုလဲ မြတ်နိုးတယ်..

ငေးကြည့်နေရရုံလေးကိုပဲ
ကျွန်တော် ကျေနပ်နေပါပြီ...။

ရှေ့ဆက်ရန်ဆန္ဒမရှိသလို
ရှေ့ဆက်ဖို့လဲ ဖြစ်မှမဖြစ်နိုင်ဘဲကို...။

သိပ်ကို ချစ်မိပါတယ် Jeon....။✒

ချစ်ကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့..
စာအုပ်လေးကို ပိတ်ကာ
ပြုံးလိုက်တဲ့ လေးထောင့်ဆန်တဲ့
အပြုံးပိုင်ရှင်လေး....။

ထို့နောက် တိုးတိုးလေးရေရွတ်လိုက်တဲ့
စကားလေး....။

"အိမ်မက်လှလှမက်ပါစေJeon
အိမ်မက်ရဲ့ တစ်စိတ်တစ်ပိုင်းလောက်မှာတော့
ကျွန်တော့်ကို ထည့်မက်ပေးပါ..."

သစ်ရွက်များရဲ့တိုက်ခတ်သံ🍁(Z+U)KookV(Completed) Where stories live. Discover now